16 Episdoes
Rating : 8.3/10
Country : South Korean
Genre : Comedy,Romance,Drama,Family
Cast : Yeon Woo Jin,Han Groo,Jung Jin Woon,Han Sun Hwa,Heo Jung Min,Yoon So Hee
ဒီဇာတ်ကားလေးကတော့ 2014ခုနှစ်က tvNရုပ်သံလိုင်းကနေထုတ်လွှင့်ပြသခဲ့တဲ့ အချစ်ဟာသဇာတ်ကားလေးဖြစ်ပါတယ်။ အဓိက Main Actorအနေနဲ့ကတော့ My Shy Boss, Queen For Seven Days, Priest အစရှိတဲ့ ဇာတ်ကားတွေမှာလည်း အဓိက ဇာတ်ဆောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားချောလေး Yeon Woo Jinဘဲဖြစ်ပြီး Main Actress အနေနဲ့ကတော့ မင်းသမီးချောလေး Han Grooက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် မင်းသား Yeon Woo Jin က ချမ်းသာပြီး အောင်မြင်နေတဲ့ plastic surgeon တစ်ဦးဖြစ်ပြီးတစ်ယောက်တည်းနေလည်း အဆင်ပြေပြီး ပြည့်စုံတယ်လို့ယူဆထားတာကြောင့် အိမ်ထောင်ပြုဖို့ စိတ်မဝင်စားပါဘူး။ တဖက်မှာဆိုရင် မင်းသမီး Han Grooရဲ့ ဆန္ဒက သူမကို အချစ်စစ်နဲ့ ချစ်တဲ့သူနဲ့ လက်ထပ်ရဖို့ဘဲဖြစ်ပါတယ်။ မင်းသမီးရဲ့ ချစ်သူက လူရှုပ်လူပွေတစ်ယောက်ဖြစ်ပြီးတော့ မင်းသမီးနဲ့ လက်မထပ်ချင်ပါဘူး။ ဒါကြောင့် မင်းသမီး သူ့ကို proposeလုပ်တဲ့နေ့မှာ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ မင်းသားYeon Woo Jin ကို ကိုယ်စားသွားပြီး ငြင်းခိုင်းလိုက်ရာက အဲ့ဒီမှာ မင်းသားနဲ့ မင်းသမီး စတွေ့ကြပြီး မင်းသားက သူ့အိမ်က သူ့ကို အိမ်ထောင်ပြုခိုင်းတာ လက်လျော့အောင်ဆိုပြီး သူ့အိမ်က လုံးဝ သဘောမတူမဲ့ မင်းသမီးကို ရည်းစားဟန်ဆောင်ခိုင်းပါတယ်။ အစပိုင်းတုန်းကလက်မခံခဲ့တဲ့ မင်းသမီးက သူ့ရည်းစားကို လက်စားချေချင်တာကြောင့် လက်ခံလိုက်ပါတော့တယ် အချစ်ကိုအယုံကြည်မရှိတဲ့ကောင်လေးနဲ့ အချစ်စစ်ရှိတယ်ဆိုတာကိုယုံကြည်နေတဲ့ ကောင်မလေးကြားမှာ ဘာတွေဘယ်လိုဆက်ဖြစ်လာမလဲဆိုတာကတော့....
0 comments:
Post a Comment