Let Me Introduce Her (2018)

20 Episdoes

Rating : 7.8/10
Country : South Korean
Genre : Mystery,Psychological,Romance,Medical,Melodrama
Cast :  Nam Sang Mi,Kim  Jae Won ,Jo Hyun Jae,Hae Da Gam

မိန်းမချောလေးတယောက်ထွက်ပြေးနေရတယ်
သူ့နောက်ကို လူပေါင်းများစွာလိုက်နေကြတယ်
ဖမ်းမိရင်တော့ လွယ်မယ့်ပုံမပေါ်
သူမ အသက်အတွက်ပုန်းလျှူ ိးကွယ်လျျှူ ိးရှင်သန်နေရတယ်
သူမနာမည်ကရှင်းဟွန်ဆိုး

အလှအပဆေးခန်း ဆရာဝန် ဟန်ဂေါင်ဝူး
သူ့အမေမသေခင်ကအကြွေးတွေကို
ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီးဆပ်နေရတဲ့သူ
အမေကိုချစ်လွန်းပေမယ့် သူ့အမေကိုစိတ်နာနေတဲ့သူ့အဖေ
သူ့အဖေနဲ့ သူအမြဲတမ်း ကတောက်တဆ ပြသနာဖြစ်နေရတယ်
တစ်နေ့ သူ့အဖေနဲ့ပြသနာဖြစ်ပြီး အိမ်နဲ့ဝေးရာကို
သူပြေးလာခဲ့တယ် ရုတ်တရက် ပန်းခြံနားအရောက်
သူအသက်ရှုကျပ်ပြီး သေမလိုဖြစ်တဲ့အချိန်
ရှင်းဟွန်ဆိုး ကူညီမှုကြောင့် သူအသက်ရှင်ခွင့်ရခဲ့ပေမယ့်
ကျေးဇူးတင်ခွင့်ပင်မရလိုက် သူမထွက်ပြေးသွားခဲ့တယ်
တစ်နေ့ သူမ သူ့ဆီရောက်လာပြီး သူ့မျက်နှာကို
ခွဲစိတ်ပေးဖို့တောင်းဆိုခဲ့တယ် နဂိုကတည်းကချောပြီးသားရုပ်ရည်ကို
ခွဲစိတ်ရခြင်းက သူ့အသက်ရှင်ဖို့အတွက်ပါတဲ့
တွင်တွင်ငြင်းနေခဲ့ပေမယ့် နောက်ဆုံးခွဲစိတ်ပေးဖို့
သူဆုံးဖြတ်ခဲ့ပြီး ခွဲစိတ်ပေးခဲ့တယ်
ခွဲစိတ်ပြီး ပြန်သတိရလာတဲ့သူမ ဟာ အတိတ်ကို
မေ့လျော့သွားခဲ့တယ် သူပြောခဲ့တဲ့ရှင်းဟွန်းဆိုးဆိုတာ
နာမည်အတုဖြစ်သည့်အပြင် အရာအားလုံးကမေ့နေသော
သူမရဲ့အတိတ်ကို ဟန်ဂေါင်ဝူး ကူညီပေးဖို့ဖြစ်လာတဲ့အခါ.....
သူမရဲ့အတိတ်ကဘာတွေဖြစ်ခဲ့တာလဲ.....
သူမကိုသတ်ချင်တဲ့သူတွေက
ဘာကြောင့်လိုက်နေတာလဲဆိုတာတော့......
ပါဝင်ထားတဲ့သရုပ်ဆောင်များကတော့ကျနော်တို့
ငယ်ငယ်ရုူးခဲ့ရတဲ့ Spy မင်းသမီးNam Sang Mi
ရွေးနီမလေးချစ်ပုံပြင်ထဲကမင်းသား Kim Jae Won
စည်းခြားထားသောအချစ်,အသက်ဆက်မျက်ရည်ထဲက
မင်းသား Jo Hyun Jae အပြင် Return ထဲက
မင်းသမီး Han Eun Jung,cross ထဲကမင်းသမီး Yang Ji Sung,2AM အဖွဲ့ထဲက အဆိုတော်လေးJung Jin Woonလဲ
ပါဝင်ထားပါသေးတယ်

0 comments:

Post a Comment