16 Episdoes
Rating : 8.2/10
Country : South Korean
Genre : Suspense,Psychological,Crime,Drama,Detective,Investigation
Cast : Shin Ha Kyun,Lee Seol,Park Ho San,Kim Gun Woo
တနင်္လာနဲ့ အင်္ဂါနေ့တိုင်းထုတ်လွှင့်မယ့်
သည်းထိတ်ရင်ဖို၊ မှုခင်းထောက်လှမ်းရေး
ဒရာမာ ဖြစ်ပါတယ်။
မင်းသား ရှင်ဟာဂျွန်းနဲ့ မင်းသမီးလီဆောတို့က
အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဉာဏ်ရည်ထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ဦးနဲ့ တရားမျှတမှုကိုမြတ််နိုးတဲ့ထောက်လှမ်းရေး
အကြီးအကဲတို့ကြားမှ စိတ်ပိုင်းဆိုင်ရာ
တိုက်ပွဲတစ်ခုအကြောင်းကို
ဇာတ်အိမ်တည်ထားပါတယ်။
ဝူထယ်ဆော့ဟာ ကာလရှည်အတွေ့အကြုံရှိပြီး
စိတ်ပိုင်းဆိုင်ရာခိုင်မာတဲ့ စုံထောက်တစ်ဦး
ဖြစ်ပါတယ်။
ဒါပေမယ့် လူသာအထီးကျန်ဆန်ပြီး
ခါးသီးတဲ့ဘဝကို ဖြတ်သန်းနေရသူပါ။
တနေ့တနေ့ အမှုကိစ္စတွေ ဖြေရှင်းဖို့သာ
အာရုံစိုက်ထားသူဖြစ်ပေမယ့် သူဖြေရှင်းသမျှ
ကိစ္စရပ်တိုင်းဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေပြီး
အငြင်းပွားဖွယ်ဖြစ်လို့နေပါတယ်။
တနေ့တော့ အမျိုးသမီးစိတ္တဇလူသတ်သမား
အွန်ဆွန်းဂျယ်နဲ့ ထိပ်တိုက်ဆုံမိခဲ့ပါတယ်။
ဒါပေမယ့် သက်သေမပြည့်စုံတာကြောင့်
ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။
ဒါပေမယ့် အဲဒီအမျိုးသမီးကပဲ သူ့ကိုတခြားအမှုတွေ
ဖြေရှင်းတဲ့နေရာမှာ ကူညီပေးခဲ့ပါတော့တယ်။

0 comments:
Post a Comment