Lady Driver (2020)

Rating : 6.0/10
Country : United State
Genre : Sport 
Cast : Grace Van Dien, Sean Patrick Flanery, Christina Moore
Released Date : 2020
Duration : 1h 44min

 ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ အယ်လီလန်းဆင်း ကားမောင်းလိုင်စင်ဖြေဖို့အတွက် အမြဲတမ်းအစီစဉ်တွေချထားပေမဲ့လည်း သူ့ရဲ့မိခင်ဖြစ်တဲ့ ဂျက်စ်ကတော့မဖြေဖြစ်အောင် ဟန့်တားလေ့ရှိပါတယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ ကျောင်းကကားကိုဌားပြီး လိုင်စင်ရအောင်ဖြေခဲ့ပါတယ်၊ လိုင်စင်ရတဲ့နေ့မှာပဲ သူများကားကိုတိုက်မိပြီး လျော်လိုက်ရတာကြောင့် မိခင်ဖြစ်သူနဲ့စကားများကြပါတယ်။ စကားများပြီး အယ်လီဟာအဖေဖြစ်သူရဲ့ အမျိုးတွေကိုရှာမယ်ဆိုပြီး အိမ်ကထွက်သွားခဲ့ပါတယ်။ တစ်ကယ်တော့ဂျက်စ်က နောက်အိမ်ထောင်နဲ့ပါ အယ်လီကအရင်အိမ်ထောင်နဲ့ ရထားတဲ့ကလေးပါ။ အရင်ခင်ပွန်းသည်ဟာ ပြိုင်ကားမောင်းပြိုင်ရင်း မတော်တဆဖြစ်ပြီးဆုံးပါသွားခဲ့တာပါ။

တဖြည်းဖြည်း အရွယ်ရောက်လာတဲ့အယ်လီဟာ ဖခင်ဖြစ်သူနဲ့စရိုက်ချင်းတူလာခဲ့ပြီး ကားတွေနဲ့ပက်သက်ရင်ထူးချွန်တဲ့သူပါ၊ ဒါ့ကြောင့်လည် းဂျက်စ်ဟာအယ်လီသူ့အဖေရဲ့ ခြေရာနင်းမှာကိုစိုးရိမ်နေခဲ့တာပါ။ ဒါပေမဲ့ ဗီဇဆိုတာဟာ ထိန်းချုပ်လို့ရတဲ့အရာမဟုတ်တဲ့အတွက် အယ်လီဟာ သူ့အဖေရဲ့သွေးအပြည့်ပါလာတယ်လို့ ဆိုရပါမယ်။ အိမ်ကထွက်သွားပြီး သူ့အဖေရဲ့ညီဖြစ်သူဆီမှာနေရင်း ပြိုင်ကားမောင်းတာတွေကို စတင်လုပ်ဆောင်လာပါတော့တယ်၊ ဦးလေးဖြစ်သူက အယ်လီမှာပါရမီရှိမှန်းသိသော်လည်း အမေဖြစ်သူဂျက်စ်ရဲ့စိုးရိမ်မှုတွေကို နားလည်တဲ့အတွက် ပြိုင်ပွဲတွေ၀င်ပြိုင်ဖို့ကိုတော့ တားမြစ်ခဲ့ပါတယ်၊ သို့သော်လည်းအယ်လီရဲ့ဗီဇအရ ထိန်းချုပ်လို့မနိုင်ခဲ့ပါဘူး။

ဒါပေမဲ့ သူမရဲ့အမေကို သူပြိုင်ကားမောင်းခွင့်ရဖို့အတွက် ဘယ်လိုစည်းရုံးမလဲ၊ ပြိုင်ပွဲတွေမှာရော အနိုင်ရအောင်ဘယ်လိုလုပ်မလဲ၊ အသက် 16 နှစ်သာရှိသေးပြီး ပါရမီရှိပေမဲ့ အတွေ့အကြုံမရှိတဲ့ သူမ ဘယ်လိုအခက်ခဲတွေကိုကျော်ဖြတ်ပြီး အောင်ပွဲတွေရအောင်လုပ်မလဲဆိုတာကို Lady Driver ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှ ာရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် …

0 comments:

Post a Comment