Kkondae Intern (2020)

12 Episodes

Rating : 8.1/10
Country : South Korean
Genre : Business, Comedy, Drama
Cast : Park Hae Jin, Han Ji Eun, Park Ki Woong, Park Ah In

Park Hae Jin ရဲ့ ပထမဆုံး Comedy drama ဖြစ်တဲ့ ဒီကားဟာ MBC နဲ့ Park Hae Jin တို့ East of Eden ကားပြီးတဲ့​နောက် ၁၂နှစ်အကြာမှာ ဒုတိယအကြိမ်​မြောက်ပြန်လည် လက်တွဲတဲ့ကားဖြစ်ပြီး ဒီဇာတ်လမ်းဟာ MBC ရဲ့ ၂၀၁၈ ခုနှစ်ဇာတ်ညွှန်းပြိုင်ပွဲမှာ အနိုင်ရထားတဲ့ဇာတ်လမ်းကိုအ​ခြေခံထားတဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်...

ဇာတ်လမ်းအကျဥ်းက​တော...........
Ga Yeol Chan(Park Hae Jin) ဟာဘွဲ့ရပြီးတဲ့​နောက် ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်လုပ်တဲ့အခါ အလုပ်ထဲက သူရဲ့အထက်လူကြီး Lee Man Sit(Kim Eung Soo) ကသူ့ကို မျိုးစုံနှိပ်စက်ပြီး အလုပ်ထွက်တဲ့အထိဖိအား​တွေ​ပေးခဲ့ပါတယ်
Yeol Chan ဟာသတ်​သေဖို့အထိ​တောင်​တွေးခဲ့ပြီး​နောက်ဆုံးမှာ​တော့ ​ခေါက်ဆွဲကုမ္ပဏီမှာအလုပ်ရခဲ့ပြီး သူ့ရဲ့အပြင်းအထန်ကြိုးစားအားထုတ်မှု​ကြောင့် ကုမ္ပဏီရဲ့အဓိက​နေရာဖြစ်တဲ့ Sale and Marketing Department ရဲ့​ခေါင်း​ဆောင်ဖြစ်လာပါ​တော့တယ်
တစ်​နေ့မှာ​တော့ သူ့ရဲ့ ဌာနကို အသက်ကြီးကြီးဝန်ထမ်းတစ်​ယောက်​ရောက်လာတဲ့အခါ အဲ့ဒီ့ဝန်ထမ်းကသူ့ကို ဒုက္ခ​ကောင်း​ကောင်း​ပေးခဲ့တဲ့ Lee Man Sit ဖြစ်​နေတဲ့အချိန်မှာ​တော့ Ga Yeol Chan တစ်​ယောက် Lee Man Sit ကိုဘယ်လို​တွေ ပြန်ကလဲ့စား​ချေမလဲ ပညာ​တွေပြမလဲဆိုတာ ​စောင့်ကြည့်ကြရ​အောင်ပါ​နော်........
ရုံး​တွေမှာဖြစ်​လေ့ဖြစ်ထရှိတဲ့ အရာ​တွေ စီနီယာ​တွေက ဂျူနီယာ​တွေကို ခိုင်းစားတတ်တာ​လေး​တွေကိုဟာသ​​လေး​တွေနဲ့ထည့်သွင်းရိုက်ကူးထားတဲ့ဒီကားကို​တော့ ဒါရိုက်တာ Nam Sung Woo ကရိုက်ကူးထားပြီး Shin So Ra ကဇာတ်ညွှန်း​ရေးထားပါတယ်....
Main Lead ​တွေအ​နေနဲ့ Park Hae Jin, Lee Man Sit, Park Ki Woong, Han Ji Eun တို့ကသရုပ်​ဆောင်ထားပြီး
Supporting ​တွေအ​နေနဲ့ Noh Jong Hyun , Park Ah In , Go Geon Han, Hong Seung Bum တို့ကပါဝင်အားဖြည့်​ပေးထားပါတယ်
ဒီဇာတ်လမ်းတွဲကို MBC က​နေ May 20 ရက်​နေ့ 8:55 PM က​နေစတင်ပြီး အပါတ်စဥ် Wed,Thurs ​နေ့တိုင်းပြသသွားမှာဖြစ်ပါတယ်

0 comments:

Post a Comment