16 Episodes
Rating : 8.2/10
Country : South Korean
Genre : Action, Mystery, Comedy, Drama
Cast : Choi Kang Hee, Yoo In Young, Kim Ji Young, Lee Sang Yeob
Baek Chan Mi(Choi Kang Hee) က အမျိုးသားထောက်လှမ်းရေးအဖွဲ့(NIS)မှာ ထင်ရှားပြီး အလုပ်ကြိုးစားသူတစ်ယောက်ပါ။ ဒါပေမဲ့ Chan Miရဲ့ ပရောဂမကင်းဘဲ လက်အောက်ငယ်သားတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်နောက်ပိုင်း Back Jang Miဆိုတဲ့ နာမည်ပြောင်းပြီး Ilkwang Hitech မှာ အတွင်ရေးမှုး အနေနဲ့ အလုပ် လုပ်ခဲ့ပါတယ်။
Im Ye Eun( Yoo In Young)က Single Mother တစ်ယောက်ဖြစ်သလို Girl Group တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ပါ။
Hwang Mi Soon(Kim Ji Young)အိမ်ထောင်သက် 18နှစ်ရှိသူဖြစ်ပြီး အသက်အာမှခံကြေးရောင်းတဲ့သူတစ်ယောက်ပါ။
Ilkwang Hitech ရဲ့CEO ဖြစ်သူ Yoon Seok Ho( Lee Sang Yeob)ကတော့ Chan Miကို Crushနေသူတစ်ယောက်ပေါ့။ဒါပေမဲ့ သူသိခဲ့တဲ့နာမည်နဲ့အသက်က ကွဲပြားနေပြီး ခု သူ့ရဲ့အတွင်းရေးမှုး Jang Miအနေနဲ့ ပြန်တွေ့နေရချိန်မှာ ဘာတွေ ဆက်ဖြစ်ကြမလဲ။
နယ်ပယ်လည်း မတူ စရိုက်လည်း မတူကျတဲ့ သူတို့သုံယောက်က အလုပ်တူတူလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။
လုပ်ငန်းစုကြီးတစ်ခုရဲ့ နည်းပညာပေါက်ကြားမှုတွေ အကျင့်ပျက်ခြစားမှုတွေကို စုံစမ်းဖော်ထုတ်ကြမဲ့ ဟာသ ဇာတ်လမ်းတွဲပါ။
တူတူတွဲပြီး စုံစမ်းဖော်ထုတ်ကြမဲ့ ဒီကားက အက်ရှင်တွေလည်းပါပြီး ဟာသလည်း ဖြစ် ၊ အလုပ်လုပ်ချင်စိတ်လည်း ပြင်းထန် ၊ မိသားစုကလည်း တစ်ဖက်နဲ့ ဘယ်လိုတွေ ချိန်းပြီး စုံစမ်းဖော်ထုတ်ကြမလဲ ?
သူတို့သုံးယောက်တူတူ စုံစမ်းစေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ ?
တကယ်ကော ဖော်ထုတ်နိူင်ကြမလား ဆိုတာကိုတော့......
0 comments:
Post a Comment