Season (1) - 6 Episodes
Season (2) - 6 Episodes
Rating : 8.8/10
Country : South Korean
Genre : Antion,Suspense,Thriller,Historical,Horror,Zombies,Political
Cast : Joo Ji Hoon,Ryu Seung,Bae Doo Na,Kim Sung Gyu
သဘာဝလွန်ကားကြိုက်တဲ့သူတွေအတွက်
အွန်လိုင်းကောမစ်တစ်ခုဖြစ်တဲ့ “The Kingdom of the Gods” ကို အခြေခံပြီး ရိုက်ကူးထားတာပါ။
ထုတ်လုပ်သူကတော့ အခုနောက်ပိုင်းမှာ ဇာတ်လမ်းတွဲကောင်းများစွာကို ထုတ်လွှင့်နေတဲ့ Netflix ကပါပဲ။
Netflix ကလွှင့်တဲ့ ဒုတိယမြောက် ကိုရီးယား ဇာတ်လမ်းတွဲဖြစ်ပြီး ပထမ Season အနေနဲ့ အပိုင်းခြောက်ပိုင်းပါရှိပါတယ်။
အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်း
အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။
သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။
အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။

0 comments:
Post a Comment