Ip Man: The Final Fight (2013)

Rating : 6.2/10
Country : China
Genre : Action, Biography, Drama 
Cast : Anthony Chau-Sang Wong, Gillian Chung, Jordan Chan                         
Released Date : 2013
Duration : 1h 40min 

 Ip Man – The Final Fight ဇာတ်ကားဟာ သိုင်းလောကမှာ နာမည်ကြီးတဲ့ Kung Fu ပညာရှင် Wing Chun ပါရဂူကြီး Ip Man ရဲ့ ဘဝ တစ်စိတ်တစ်ဒေသကို ရိုက်ကူး တင်ဆက်ထားတာ ဖြစ်ပါတယ်

Ip Man ရဲ့ character က Wing Chun ပညာရပ်မှာ အလွန်တော်တဲ့ သိုင်းဆရာကြီး ဖြစ်ပေမဲ့ ကြမ်းတမ်းခက်ထန်ခြင်း မရှိဘဲ အပြောဆို အပြုမူ ယဉ်ကျေးပြီး ရဲရင့်ပြတ်သားတဲ့ ယောက်ျားကောင်း တစ်ယောက်ဖြစ်ပါတယ်

ဇာတ်လမ်းတစ်ခုလုံးကို Ip Man ရဲ့သား Chunနဲ့ သူ့တပည့် Leng Sheng ကတစ်လှည့်စီ ပြောပြနေတဲ့ပုံစံနဲ့ တင်ဆက်ထားပါတယ် ဒီဇာတ်ကားမှာဆိုရင် ၁၉၅၀ နဲ့ ၁၉၆၀ ကြား Hong Kong ရဲ့စီးပွါးရေးပျက်ကပ်ထဲမှာ ပြည်သူတွေကြားက ဒုက္ခတွေ စိတ်ဆင်းရဲသောကတွေကို ရင်နင့်ဖွယ် တွေ့မြင်ရမှာလည်းဖြစ်ပါတယ်

ဒါ့အပြင် အက်ရှင်ဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ သရုပ်ဆောင်တွေရဲ့ acting ကောင်းမွန်မှုကလည်း ဇာတ်ရှိန်ကိုမြင့်တက်စေမှာဖြစ်ပြီး ကြည့်ရှုသူတို့ရဲ့ ရင်ထဲရောက်မဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်

0 comments:

Post a Comment