Hidden Figures (2016)

Rating : 7.8/10
Country : United State 
Genre :   Biography, Drama, History 
Cast : Taraji P. Henson, Octavia Spencer, Janelle Monáe
Released Date : 2016
Duration : 2h 7min

 အော်စကာ သုံးဆု ဆန်ခါတင် ပါဝင်ခဲ့ပြီး တစ်ခြားဆုပေါင်းများစွာ ရရှိထားတဲ့
Biography ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ရပါတယ်။
ဒီဇာတ်ကားဟာဆိုရင် နာဆာ ရဲ့ အစောပိုင်းနှစ်တွေမှာ အရေးကြီးတဲ့ နေရာက
ပါဝင်ပေးခဲ့တဲ့ အမျိုးသမီးသုံးဦး အကြောင်းရိုက်ကူးထားတဲ့ဖြစ်ရပ်မှန် ရုပ်ရှင်
ဇာတ်ကားလေးဖြစ်ပါတယ်။နာဆာရဲ့ အစောပိုင်းနှစ်တွေမှာ အမေရိကန်ကလည်း
ဆိုဗီယက်ရုရှားတွေနဲ့ အပြိုင် သူတို့ထက်အရင် အာကသထဲကို လူလွှတ်နိုင်ဖို့
အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ဒီအချိန်မှာပဲ နာဆာကလည်း ပညာရှင်တွေကို
လိုအပ်နေတဲ့ အချိန်မှာပဲ တစ်ချိန်မှာ အမေရိကန် သမိုင်းမှာ အကြီးမားဆုံး
အော်ပရေးရှင်းဖြစ်လာမဲ့ အော်ပရေးရှင်းကြီးရဲ့ အဓိက လူသုံးယောက်ဖြစ်လာမဲ့
ဒီအမျိုးသမီး သင်္ချာပညာရှင် သုံးယောက်ကို တွေ့ရှိခဲ့ပါတယ်။ဒီသုံးယောက်ဟာဆိုရင်
နောင်တစ်ချိန်မှာ လူသားကွန်ပျုတာ သုံးယောက်ရယ်လို့ အမေရိကန် သမိုင်းမှာ
ထင်ရှားလာမဲ့သူတွေပါ။ဒီသုံးယောက်ဟာ အာာကသသူရဲကောင်း ဂျွန်ဂလမ်းကို
ကမ္ဘာပတ်လမ်းတွေရောက်ရှိပြီး လုံခြုံစွာပြန်လာစေရမယ်ရယ်လို့ အာမခံပြီး
အကောင်းဆုံးလုပ်ဆောင်ပြခဲ့ပါတယ်။ဒေါ်ရသီဗန်း မယ်ရီဂျက်ဆန် နဲ့ ကတ်သရင်း
ဂျွန်ဆန်တို့ဟာ လူမျိုးမတူ ကျားမ မတူ ပညာချင်းမတူညီခြင်း အစရှိတဲ့ စည်းမျဉ်း
တွေကို ဖြတ်ကျော်ပြီး ရဲဝံတွေ အိပ်မက်တွေကို မက်ရဲတဲ့ သတ္တိ တွေ လုပ်ရဲတဲ့
သတ္တိတွေနဲ့ အမေရိကန်နိုင်ငံငို ကမ္ဘာ့အလယ်မှာ အာကသနဲ့ ပတ်သတ်လာရင်
လက်မထောင်နိုင်အောင် ဘယ်လို လုပ်ခဲ့ကျလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။

0 comments:

Post a Comment