Rating : 2.5/10
Country : India
Genre : Action, Thriller
Cast : Sushant Singh Rajput, Jacqueline Fernandez, Vikramjeet Virk
Released Date : 2019
Duration : 2h 27min

အိန္ဒိယရုပ်ရှင်ကားတွေရဲ့ထုံးစံအတိုင်း နိုင်ငံရေးလေးတော့ နည်းနည်းပါမယ်ဗျ။အိန္ဒိယနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအများစုက တရားမဝင်ငွေမည်းတွေနဲ့ လည်ပတ်နေကြတယ်။ဒီလိုလုပ်ငန်းရှင်တွေရဲ့ တရားမဝင်ငွေကြေးတွေကို ရှာဖွေစီစစ်ဖို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့တွေ အစိုးရကဖွဲ့စည်းထားတယ်။ဆိုးတာက အဲဒီအဖွဲ့အစည်းတွေရဲ့ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်တဲ့ Vibha Singhဆိုတဲ့ အဖွားကြီးကိုယ်တိုင်က
ဒီလုပ်ငန်းရှင်တွေရဲ့ငွေမည်းတွေကို သူ့အတွက်ခွဲတမ်းယူပြီး ငွေမည်းခဝါချပေးနေတယ်။တ တစ်ဖက်မှာလည်း Kingလို့နာမည်ရတဲ့ စောရဝိဇ္ဇာတစ်ယောက်က အဲဒီလုပ်ငန်းရှင်ကြီးတွေရဲ့တရားမဝင်ပိုင်ဆိုင်မှုတွေကို ခိုးလိုက်၊ ဓားပြတိုက်လိုက်နဲ့ အမှည့်ခြွေနေပြန်ပါတယ်။Kingရဲ့ ကစားကွက်တစ်ခုက သူအမှုကျူးလွန်ခဲ့တဲ့ နေရာမှာဘုရင်ပုံဖဲချပ်လေးတစ်ချက်ထားခဲ့ပြီးသူနောက်ထပ်အမှုကျူးလွန်မယ့်နေရာကို အတိအလင်းချပြပြီး စိန်ခေါ်သွားတတ်တာပါ။အဲဒီလိုနဲ့ Kingကျူးလွန်သွားတဲ့ ဓားပြမှုတစ်ခုမှာ သဲလွန်စအနေနဲ့ ပြိုင်ကားဘီးရာတစ်ခုကို ထောက်လှမ်းရေးအဖွဲ့က ရသွားတယ်။ဒီကားတာယာအရ စုံစမ်းကြတဲ့အခါ Street Racingအဖွဲ့တစ်ခုက Taraလို့ခေါ်တဲ့စီးပွားရေးလုပ်ငန်းရှင်မိန်းကလေးတစ်ယောက်ရဲ့ ကားဖြစ်နေတယ်။နောက်ဆုံးကျူးလွန်ခဲ့တဲ့အမှုမှာ Kingကလည်း သူနောက်တစ်ခါဓားပြတိုက်မယ့်နေရာက နိုင်ငံတော်သမ္မတရုံးပါလို့ အတိအလင်းစိန်ခေါ်သွားလေတော့…..Kingက ဘယ်သူလဲ၊ ပြိုင်ကားအဖွဲ့က မိန်းကလေးကရော Kingနဲ့ဘယ်လိုပတ်သတ်နေလဲ၊အဂတိလိုက်စားမှုကျူးလွန်နေကြတဲ့ အစိုးရအဖွဲ့ဝင်လူကြီးမင်းတွေကရောဒီအမှုနဲ့ ဘယ်လိုပတ်သတ်နေသလဲဆိုတာတွေကို Street Racingလောကရဲ့ ယှဉ်ပြိုင်မှုတွေနဲ့အတူ ခံစားကြည့်လိုက်ပါဦးဗျာ

0 comments:
Post a Comment