Rating : 6.7/10
Country : United State
Genre : Action, Adventure, Drama
Cast : Vladimir Mashkov, Egor Morozov, Agne Grudyte
Released Date : 2016
Duration : 2h 18min
ားရှားပါးပါးရုရှားရုပ်ရှင်တွေထဲက IMDB 7.1 ရရှိထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရည်အချင်းရှိတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ဂူရှင်ဟာ စည်းကမ်းမလိုက်နာမှုတွေ၊ စိတ်လိုက်မာန်ပါဆောင်ရွက်မှုတွေကြောင့် လုပ်ငန်းခွင်မှာတော်ပေမယ့် အမြဲတမ်းအထက်လူကြီးတွေထံမှာအငြိုငြင်ခံရသူဖြစ်ပါတယ်။ အလုပ်နေရာတွေမမြဲတဲ့ ဂူရှင်တစ်ယောက် လက်ထောက်လေယာဉ်မှူးအဖြစ်တာဝန်ထမ်းဆောင်တဲ့နေ့မှာပဲ သူတို့ရဲ့လေယာဉ်အမှတ် ၁၁၇ ဟာ အခက်အခဲတွေ အန္တရာယ်တွေကြားကျရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ကြံရည်ဖန်ရည်နဲ့စွမ်းဆောင်နိုင်စွမ်းကို ထုတ်ပြရပါတော့တယ်။ မီးတောင်ပေါက်ကွဲသွားတဲ့ကျွန်းတစ်ကျွန်းပေါ်ကလူတွေကို ခရီးသည်တင်လေယာဉ်ကြီးနဲ့ ဆင်းကယ်တဲ့အချိန် ပြေးလမ်းကလည်းမလုံလောက်တဲ့အပြင် နေရာတိုင်းမှာလည်း မီးတွေပတ်လည်ဝိုင်းနေတဲ့အခြေအနေမှာ လေယာဉ်မှူးကောင်းတွေ လေယာဉ်ဝန်ထမ်းတွေရဲ့တာဝန်ကျေပွန်မှုတွေ ကြံ့ခိုင်တဲ့စိတ်ထားတွေကို အထင်အရှားပြသထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်ကားတွေကို ရင်ပေါင်တန်းလိုက်နိုင်တဲ့ရုရှားရုပ်ရှင်ဖြစ်တဲ့အပြင် ရိုက်ကွင်းရိုက်ကွက်တွေအဆင့်အတန်းမြင့်မြင့်ရိုက်ကူးထားတာမို့ ပရိသတ်တွေအကြိုက်တွေ့မယ့် ဇာတ်ကားတစ်ကားပါ။ လေယာဉ်မှူးကောင်းတစ်ယောက်ရဲ့စိတ်ထားနဲ့အရည်အချင်းတွေကို သေသေသပ်သပ်ရိုက်ကူးတင်ဆက်ပြသသွားတဲ့ရုပ်ရှင်ဖြစ်တာမို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။ ( Minor Spoiler alert.... လေယာဉ်နှစ်စီးထဲက တစ်စီးဒုက္ခရောက်ပြီး ဆီကုန်တဲ့အချိန်မှာ ဂူရှင်တို့လေယာဉ်က လူကယ်တဲ့အကွက်ကြီးက အကွက်ဆန်းကြီးဖြစ်တာမို့ အတော်သဘောကျမိကြောင်းပါ
0 comments:
Post a Comment