Rating : 7.1/10
Country : United State
Genre : Action, Crime, Sci-Fi
Cast : Karl Urban, Olivia Thirlby, Lena Headey
Released Date : 2012
Duration : 1h 35min
Country : United State
Genre : Action, Crime, Sci-Fi
Cast : Karl Urban, Olivia Thirlby, Lena Headey
Released Date : 2012
Duration : 1h 35min
လူပေါင်း သန်း ၈၀၀ နေထိုင်ပြီး နေ့စဉ် မှု့ခင်းပေါင်း ၁၇၀၀၀ လောက် ဖြစ်ပွားလျက်ရှိပါတယ်…….
Slo-Mo လို့ ခေါ်တဲ့ မူးယစ်ဆေး က လက်ရှိ လူတွေရဲ့ အသိအာရုံကို သာမန်ထက် ၁% ပဲ သိစေတဲ့ ဆေး ထွက်ရှိနေပါတယ်။ မှုခင်းတွေကို နှိမ်နင်းဖို့အတွက် Judges ဆိုတဲ့ အဖွဲ့ပဲ ရှိပါတယ်။ သူတို့က တရားသူကြီး၊ ဂျူရီ နဲ့တရားခံတွေကို ကွပ်မျက်သူ အနေနဲ့ တာဝန်ယူရပါတယ်။ Judge Dredd က Chief Judge ရဲ့ အမိန့်အရ အသစ်ခေါ်ထားတဲ့ Cassandra Anderson ကို Judge အနေနဲ့ စာမေးပွဲ အောင်မအောင် ဆုံးဖြတ်ဖို့ သူ့ကို တာဝန်ပေးလိုက်ပါတယ်။
အထပ် ၂၀၀ မြင့်တဲ့ Peach Trees တာဝါ မှာ မူးယစ်မှောင်ခိုဂိုဏ်းချုပ် Ma-Ma က သူတို့ရဲ့ မူးယစ်မောင်ခိုသမား ၃ ယောက်ကို တာဝါပေါ်ကနေ ပစ်ချပြီး သတ်လိုက်ပါတယ်။ Dredd နဲ့ Anderson ဟာ အဲ ဒီမှုခင်းကို တာဝန်ယူဖို့ စုံစမ်း စစ်ဆေးဖို့ ရောက်ရှိလာပါတယ်။ သူတို့က လူရမ်းကား Kay ကို ဖမ်းဆီးမိပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ကို ထိုးထွင်း သိမြင်နိူင်တဲ့ အန်ဒါဆင် ကတော့ Kay ဟာ အဆိုပါ လူ ၃ ယောက်ကို သတ်တဲ့ တရားခံ ထဲက တစ်ယောက်ဆိုတာ ပြောပါတယ်။ သူတို့ဟာ Kay ကို စုံစမ်းမေးမြန်းဖို့ ဖမ်းဆီး ပြီး ခေါ်ဆောင်သွားပါတယ်။
Ma-Ma က သူ့ရဲ့လုပ်ငန်း အကြောင်း Judges တွေကို Kay က ပြောပြလိုက်မှာ ကြောက်လို့ Security အခန်းကို သူ့လူလွှတ်ပြီး Building တစ်ခုလုံး အမှောင်ချလိုက်ပါတယ်။ ပြီးတော့ အထပ် ၂၀၀ ထဲက လူတွေကို အဆိုပါ Judges ၂ ယောက်ကို အသေ လိုချင်တယ်ဆိုပြီး အင်တာကွန် ကနေ တစ်ဆင့် ပြောလိုက်ပါတယ်။ Dredd နဲ့ အန်ဒါဆင်တို့က သူတို့ ပင်မဌာန နဲ့အဆက်အသွယ် လုပ်ဖို့ ကြိုးစား ပေမယ့်လည်း မရနိူင်တော့ပါဘူး။ အထပ် ၂၀၀ တောင်ရှိတဲ့ မူးယစ်မှောင်ခို ဂိုဏ်းက Dredd နဲ့ အန်ဒါဆင် တို့ ၂ ယောက် ထွက်ပြေးလွှတ်မြောက်နိူင်ပါ့မလား… ဆိုတာ….
ပြသချိန် ၉၅ မိနစ်ရှိပြီး အက်ရှင်ကား ကြိုက်သူများ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ။ ကျွန်တော်ကတော့ ထိုင်ရာကနေ မထပဲ ပြီးအောင် ကြည့်မိလိုက်တယ်။
0 comments:
Post a Comment