Chernobyl Diaries (2012)

Rating : 5.0/10
Country : United State
Genre :  Horror, Mystery, Thriller 
Cast :   Jesse McCartney, Jonathan Sadowski, Olivia Taylor Dudley
Released Date : 2012
Duration :  1h 26min 

ဆိုဗီယက်ယူနီယံနိုင်ငံတော်ကြီး မပြိုကွဲခင် ယူကရိန်းမှာရှိတဲ့ ပရိယက်မြို့က ချာနိုဗော နျူကလီးယား ဓါတ်ပေါင်းဖိုဟာ ၁၉၈၆ ခုနှစ်၊ ဧပြီ ၂၆ ရက်မှာ ပေါက်ကွဲမှုဖြစ်လို့ ကမ္ဘာ့သမိုင်းမှာ အဆိုးရွားဆုံးနျူကလီးယား ယိုစိမ့်မှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီပရိယက်မြို့မှာ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပေါ်လာခဲ့လို့ တစ်မြို့လုံးမှာရှိတဲ့ လူတွေကို ရွှေ့ပြောင်းပေးခဲ့ရပြီး လူသူမရှိတော့တဲ့ မြို့ပျက်တစ်ခုလို ဖြစ်ပေါ်သွားခဲ့ပါတယ်။ အဲဒီလိုမျိုး လူသူကင်းမဲ့နေတဲ့ သရဲမြို့ကို အမေရိကန်ကမ္ဘာလှည့် ခရီးသည် ၆ ဦးရောက်ရှိလာချိန်မှာတော့ သွေးပျက်မှုတွေ၊ အော်ဟစ်သံတွေနဲ့ ဆူညံပွက်လောရိုက်ကုန်ပါတယ်။ ကမ္ဘာလှည့်ခရီးသည် ၆ ဦးဟာ စွန့်ပစ်မြို့တော် ပရိယက်ကို သွားရောက်လည်ပတ်ဖို့အတွက် ဒေသခံဧည့်လမ်းညွှန်တစ်ယောက်ရဲ့ လမ်းညွှန်မှုကို ယူခဲ့ရပါတယ်။ လူသူကင်းမဲ့တဲ့ ပရိယက်မြို့ကို သွားတဲ့လမ်းမှာ စစ်တပ်နယ်စပ်ဂိတ်တစ်ခုကနေ သူတို့ကို ဝင်ခွင့်မပြုတာတောင် လက်မလျှော့ပဲ အခြားပတ်လမ်းတစ်ခုကနေ မြို့ထဲသို ဗင်န်ကားတစ်စီးနဲ့ ဝင်ရောက်ခဲ့ပါတယ်။ သူတို့အဖွဲ့ဟာ တစ်နေ့တာလုံး မြို့ထဲမှာရှိတဲ့ အဆောက်အဦးတွေကို လျှောက်ကြည့်၊ ပတ်ဝန်းကျင်တစ်ခွင်မှာ ဓာတ်ပုံတွေရိုက်နဲ့ အလုပ်ရှုပ်နေကြပါတယ်။ အဲဒီမြို့ထဲမှာသူတို့ အပြင် နောက်ထပ် မမြင်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိနေတယ်လို့ သိလိုက်ကြတဲ့အချိန်မှာတော့ ဗင်န်ကားက နှိုးလို့မရတော့ပါဘူး။ မကြာခင်မှာပဲ သူတို့ သိလိုက်ရတာက သူတို့ ချောင်ပိတ်မိသွားပြီဆိုတာပါပဲ။ ရေဒီယိုသတ္တိကြွမှုတွေကြောင့် အဆက်အသွယ်ကင်းမဲ့နေတဲ့ မြို့ကနေ သူတို့ ဘယ်လို လွတ်မြောက်အောင်လုပ်ကြမလဲ။ သူတို့အားလုံး အမှောင်ထဲက မြို့စောင့်တွေရဲ့ သတ်ဖြတ်တာကို ခံစားရမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ခံစားကြည့်လိုက်ပါနော်။

0 comments:

Post a Comment