12 Suicidal Teens (2019)

Rating : 5.7/10
Country : Japan
Genre : Mystery, Thriller 
Cast : Hana Sugisaki, Mackenyu, Takumi Kitamura 
Released Date : 2019
Duration : 1h 57min

 လောကကြီးကိုစိတ်ကုန်ပြီး ကိုယ့်ကိုယ့်ကိုယ်အဆုံးစီရင်ချင်နေတဲ့ဆယ်ကျော်သက်အရွယ် ကလေး ၁၁ ယောက်ဟာအွန်လိုင်းပေါ်မှာတင်ထားတဲ့ အဆုံးစီရင်သူများစုဝေးမှုကြောင့်စွန့်ပစ်ထားတဲ့ ဆေးရုံဟောင်းတစ်ခုမှာ လာရောက်ဆုံစည်းမိကြပါတယ်။
သူတို့အားလုံးဆုံကြတဲ့အချိန် သူတို့ထက်အရင် အဆုံးစီရင်ထားတဲ့ စီစဥ်သူကိုမြင်လိုက်ရလို့အားလုံးအံ့ဩားသင့်ပြီး သူတို့ဖာသာရှေ့ဆက်ကြတော့မယ့်အချိန်မှာနောက်ဆုံးမှတကယ်ဝင်လာတဲ့ စီစဥ်သူ “ဆာတိုရှိ”လူ ၁၂ ယောက်စုဝေးမှုမှာ ၁၃ ယောက်ဖြစ်နေပြီးစာရင်းထဲမှာမပါတဲ့ ကုတင်ပေါ်မှကိုယ်တော်ချောကိုသူတို့ဟာ အမှတ်စဥ် သုည လို့အမည်ပေးပြီးသူဘယ်လိုဒီကိုရောက်လာတယ်ဆိုတာကိုရှာဖွေကြပါတယ်ဝင်လာတဲ့ လူ ၁၂ ယောက်မှာ တစ်ယောက်ချင်းစီတွေ့ခဲ့ကြတဲ့မူမမှန်တဲ့ သဲလွန်စတွေကိုပေါင်းပြီးတော့ ဒီ သုညကိုယ်တော် ဘယ်ကရောက်လာပြီးဘယ်သူသတ်တာလဲကို ပူးပေါင်းဖော်ထုတ်ပြီးမှသူတို့သတ်သေမှုကိုဆက်လုပ်ကြမယ်သဘောတူကြရင်း ရှာဖွေရင်းက မထင်မှတ်တာတွေဖြစ်ခဲ့ကြတယ်…လျို့ဝှက်ချက်ကိုယ်စီရှိနေတဲ့ သူတို့ ၁၂ ယောက်ဟာ သုည စုဝေးတဲ့အခန်းထဲရောက်လာပုံကိုဘယ်လိုအဖြေရှာကြမလဲ သူတို့တွေသတ်သေမှုရောဘယ်လိုဖြစ်သွားမလဲ“ဆာတိုရှိ” ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဂျပန်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

0 comments:

Post a Comment