The Flu (2013)

Rating : 6.8/10
Country :  United State
Genre :  Drama, Crime
Cast :  Barry Keoghan, Ned Dennehy, Cosmo Jarvis 
Released Date : 2019
Duration :  1h 41min

 ကိုရိုနာ ကူးစက်ရောဂါဖြစ်နေတာကို မြင်တွေ့ကြားသိနေရတော့
The Flu ဆိုတဲ့ ရောဂါကပ်ဆိုး ကူးစက်ခံနေရတဲ့လူသားတွေရဲ့့အဖြစ်ကို ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါရစေ..

ဒီဇာတ်ကားလေးဟာဆိုရင် 2013 ခုနှစ်ကကတည်း ထွက်ရှိခဲ့တာဖြစ်ပါတယ်
တလောကနာမည််ခဲ့တဲ့Train To Busan ရုပ်ရှင်ဇာတ်ကားလိုပဲ ဇာတ်လမ်းအစမှ အဆုံးထိ ရသမျိုးစုံစွာ ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ် ရုံတင်ခဲ့စဉ် အခါကလဲ အထူးအောင်မြင်ခဲ့ပြီး ကိုးရီးယား အနုပညာလောကရဲ့ ဆုပေါင်းများစွာကိုလဲ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Train To Busan နဲ့ ယှဉ်ပြောပြရမယ်ဆိုရင်တော့
Train To Busan ထက် အများကြီးသာပါတယ်
သရုပ်ဆောင်အင်အားပိုကောင်းပါတယ်
ကုန်ကျစရိတ်ပိုမိုသုံးစွဲထားပါတယ်
ရိုက်ချက်တွေပိုပြီးခမ်းနားပါတယ်
ဇာတ်လမ်း စ လယ် ဆုံး ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပါ
528 အချစ် 1500အချစ် တို့အတွက်် ပေးဆပ်မှုများကို ကြည့်ရင် မျက်ရည် မလယ်နိုင်အောင်ဖြစ်ခဲံရပါတယ်
စိတ်ချ.……………တကယ့်မျက်ရည်ကျစေရမယ်ဇာတ်ကားကောင်းလေးမို့ ညွှန်းဆိုပေးလိုက်ပါတယ်

စစချင်းမှာ ကကျိုးကကြောင်နိုင်တဲ့ အချစ်ဟာသဇာတ်လမ်းလိုလိုကနေ ဆေးဘက်ကပ်ဘေး ဇာတ်လမ်းဆီ၊ အဲဒီကနေတစ်ဖန် နာဇီငရဲခန်းတမျှ ကြောက်မက်ဖွယ် horror ဇာတ်လမ်း၊ ပြီးလို့ ဇာတ်ရှိန်အမြင့်ဆုံးနေရာရောက်ပြန်တော့ နိုင်ငံရေးအက်ရှင်ဇာတ်လမ်း ဖြစ်သွားပြန်ရော။

နိုင်ငံခြားကိုယ်စားလှယ်က ဘွန်ဒေါင်းတစ်မြို့ အတွက်နဲ့ တစ်ကမ္ဘာလုံးကို ကူးစက်မခံနိုင်လို့ ကိုးရီးယားစစ်တပ်တွေက မပစ်ရင် နိုင်ငံတကာဗုံးကြဲလေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ဖို့ ဒုတိယအစီအမံရှိတဲ့အတိုင်း လေယာဉ်အုပ်စုတွေကို ရောဂါဖြစ်ပွားနေတဲ့ ဘွန်ဒေါင်းမြို့ကို ဗုံးကြဲတိုက်ခိုက်ဖို့ ခေါ်လိုက်ပါတယ်, အဲဒီအခါ ကိုးရီးယား သမ္မတက လည်း ကိုးရီးယားဝေဟင်ပိုင်နက်ထဲကို ဝင်လာသမျှ တိုက်လေယာဉ်တွေကို ပစ်ချဖို့ လေယာဉ်ပစ်ဒုံးတပ်တွေကို အမိန့်ပေးလိုက်ပါတယ်, နောက်ဆုံး နိုင်ငံခြားကိုယ်စားလှယ်ကြီး အလျှော့ပေးလိုက်ရပြီး ရောဂါကူးစက်မှုပြဿနာလည်း ပြေလည်အောင်ကုသလိုက်နိုင်တာကို ရိုက်ကူးတင်ပြထားတာပါ,

ဒီနေရာမှာ မဆီမဆိုင်နှိုင်းနှိုင်းနေကြတဲ့ Train to Busan နဲ့ သွားနှိုင်းရရင်တော့ Busan ဇာတ်ကားဟာ အဓိကဇာတ်ကောင်တွေရဲ့ ရှင်သန်နိုင်ဖို့အတွက်ကိုပဲ အာရုံစိုက်ပြသွားပြီး၊ မျဉ်းတစ်ဖြောင့်တည်းလိုသွားတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းသွားမှာ လိုအပ်တဲ့ ဒရာမာတွေ၊ အက်ရှင်တွေ ထည့်သွားလို့ နိုင်ငံတကာမှာ အရမ်း appealing ဖြစ်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့တာပါ။ လူကြိုက်များလွန်းတဲ့ဇာတ်ကားပီပီ လူအများနဲ့မတူချင်သူတွေကနေ ဘယ်လိုပဲ ဟာကွက်ထောက်ပြကြပါစေ သူရွေးချယ်ခဲ့တဲ့ ဇာတ်အိမ်ကို အကောင်းဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာကိုတော့ ငြင်းမရပါဘူး။

အခုဒီဇာတ်ကားမှာလည်း မင်းသားမင်းသမီးကိုပဲ အာရုံစိုက်ပြီး၊ အရိုးရှင်းဆုံးဖြစ်အောင် ရိုက်ရမယ် မဆိုလိုပါဘူး။ ဒါပေမယ့် ဒါရိုက်တာအနေနဲ့ ကိုယ်ရွေးချယ်ထားတဲ့ narrative ကိုတော့ အချိတ်အဆက်မိ ခိုင်မာအောင် ဖန်တီးဖို့ လိုပါလိမ့်မယ်။ အနောက်တိုင်းဝေဖန်ရေးဆရာတွေ ဒီဇာတ်ကားနဲ့ပတ်သတ်ပြီး၊ အဓိကထားနှိုင်းယှဉ်ခဲ့ကြတဲ့ ၂၀၁၁ခုနှစ် အမေရိကန်ရောဂါပိုးကပ်ဘေးဇာတ်ကား Contagion ဆိုရင်လည်း နေရာမျိုးစုံမှာ ဇာတ်ကောင်မျိုးစုံရဲ့ ဖြစ်ရပ်တွေကို ချိတ်ဆက်ပြီး ရိုက်ပြသွားတာမျိုးပါ (သူနဲ့ ယှဉ်ရင် The Flu မှာကမှ အဓိကအပြိုင်ဖြစ်နေတဲ့ ဇာတ်အိမ်၂ခုရယ်၊ sub-plot ၂ခုလောက်ရယ်ပဲ ပါတာ)။ ဒါပေမယ့် narrativeဇာတ်လမ်းသွား ချောမွေ့တော့ အကဲဖြတ်တွေကြိုက်တဲ့ critical acclaimed ဇာတ်ကား ဖြစ်သွားပါတယ်။

The Flu (၂၀၁၃)ဟာ ကြည့်ပြီးတဲ့အချိန်ကျမှ ကြိုက်၊ မကြိုက် ကွဲပြားနိုင်ပေမယ့် ကြည့်နေတုန်းမှာတော့ ကြည့်လို့ကောင်းတယ်လို့ လူတော်တော််များများခံစားမိစေမယ့် ကားမျိုးပါ။Train to Busan ကြိုက်ရင် ဒီကားကို ကျိန်းသေပေါက်ကြိုက်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

0 comments:

Post a Comment