10 Cloverfield Lane (2016)


Rating : 7.2/10
Country : United State
Genre :   Drama, Horror, Mystery 
Cast :    John Goodman, Mary Elizabeth Winstead, John Gallagher Jr.
Released Date : 2016
Duration :  1h 43min 

စကားလုံးတွေ ကင်းမဲ့နေတဲ့ New Orleans မြို့ရဲ့ညနေခင်းတစ်ခုရဲ့မြစ်ရေပြင်ကို သူမနေတဲ့ Apartment ခန်းလေးကနေလှမ်းမြင်နေရတယ်။ ဒါပေမဲ့ သူမကတော့ ထိုရှုခင်းလေးကို ခံစားဖို့စိတ်မဝင်စား။ ခရီးဆောင်အိတ်ထဲကို အဝတ်အစားတစ်ချို့ခပ်မြန်မြန်သွပ်ထည့်နေလေတယ်။ အနီးအနားမှာ ရှိတဲ့ ပေကြိုးနှစ်ကြိုးစ သုံးကြိုးစကို လှမ်းမြင်ရတော့ သူမသည် အဝတ်အထည်ချုပ်ခြင်း စသော Designer အလုပ်ကို လုပ်ကိုင်သူ (သို့မဟုတ်) စိတ်ဝင်စား လေ့လာနေသောသူတစ်ယောက်ဖြစ်နိုင်သည်ဆိုသည်ကို ခန့်မှန်းနိုင်ပေတယ်။ ကဗျာကယာ ထုပ်ပိုးပြီး ခရီးဆောင်အိတ်ကို ဆွဲပြီး အခန်းထဲက ထွက်သွားတော့ စားပွဲပေါ်မှာ တင်ထားခဲ့တာက စေ့စပ်လက်စွပ် (သို့မဟုတ်) လက်ထပ်လက်စွပ် တစ်ကွင်းနဲ့အိမ်သော့တစ်ချောင်း …ညက မှောင်သထက်မှောင်လာတယ်။ သူမတစ်ယောက်တည်း မောင်းနေတဲ့ကားဘီးလေးက Louisiana ရဲ့တောလမ်းကတ္တရာပေါ်မှာ။ ထိုစဉ် Phone call တစ်ခုဝင်လာတယ်။ (နာမည်က Ben တဲ့)။ သူမ ကိုင်လိုက်ပါတယ်။ စကားကတော့ တစ်ခွန်းမှ မပြောဘူး။ သူမက ကားမောင်းနေတော့ Phone Speaker ထားတာကြောင့် Ben ဆိုတဲ့ ဟိုဘက်ကလူပြောတဲ့ စကားတွေကတော့ အတိုင်းသားကြားနေရတယ်။ “Michelle, please come back.” ထို့နောက်ဆက်ပြောတာက “Running away isn’t going to help anything.” တဲ့။ ချစ်သူရည်းစား ထွက်သွားတော့ ပြန်လာဖို့ကို Boyfriend လုပ်သူက သနားကြင်နာစွာနဲ့တောင်းဆိုနေဟန်ပါပဲ။ သူမ Phone ကို ချလိုက်တယ်။ နောက်တစ်ခါ Phone ပြန်ဝင်လာတော့ သူမ မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်နေပြီ။ အာရုံတွေ ထွေပါးလာပြီး စဉ်းစားရကြပ်နေတုန်း အချိန်မှာ သူမကားကို တစ်ခြားကားတစ်စီးက ဝင်တိုက်လိုက်တယ်။ ကစဉ့်ကလျားဖြစ်သွားတဲ့ သူမရဲ့ကားလေး လမ်းမပေါ်ကနေထိုးကျပြီး အမှောင်ထုထဲသို့မှောက်ကျသွားတယ်။ (10 Cloverfield Lane)
သူမ သတိရလာတော့ အခန်းကျဉ်းလေးတစ်ခုတည်းရဲ့အိပ်ယာလေးပေါ်မှာ ရောက်နေတယ်။ သူမ ဒဏ်ရာရရှိနေတဲ့ ခြေထောက်တစ်ဖက်ကို ပတ်တီးစည်းထားပေမဲ့ ရုန်းဖို့ကြိုးစားလိုက်တဲ့အခါ သူမရဲ့ခြေထောက်ကို နံရံနဲ့ခြေထိပ်ခတ်ထားတယ်ဆိုတာ သိလိုက်ရတယ်။ သူမရဲ့မလှမ်းမကမ်းနားမှာ ရှိနေတဲ့ သူမရဲ့ပစ္စည်းတွေထဲက ဖုန်းကိုရအောင်ယူနိုင်ပေမဲ့ Signal မရှိသောကြောင့် မည်သူ့ကိုမှ အကူအညီခေါ်ရန်မဖြစ်နိုင်တော့။ ထိုစဉ် သူမရဲ့ထိုအခန်းလေးကို သော့ခတ်ထားတဲ့ လေးလံသော သံတံခါးကြီး ပွင့်လာတော့ လူဝကြီးတစ်ယောက် ဝင်လာတယ်။ “ရှင် ကျွန်မကို ဘာလုပ်မှာလဲ?” လို့ မေးလိုက်တဲ့ သူမရဲ့မေးခွန်းကို ထိုလူဝကြီး ဖြေလိုက်တဲ့ အဖြေက “ငါ မင်းကို အသက်ရှင်အောင် ထားဖို့”တဲ့။ ထို့နောက် ထိုလူကြီးက ရှင်းပြတယ်။ အပြင်မှာ တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်တဲ့။ ကြီးမားတဲ့ တစ်ခုပဲတဲ့။ ဘယ်သူတွေလဲတော့ အတိအကျမပြောနိုင်ဘူးတဲ့။ Chemical စစ်ပွဲ (ဒါမှမဟုတ်) Nuclear စစ်ပွဲကြီးတစ်ခု ဖြစ်နိုင်တယ်တဲ့။ သေချာတာတစ်ခုကတော့ အပြင်မှာ ရှိတဲ့ လူသားတွေအကုန်လုံးသေကုန်ကြပြီတဲ့။ အခု သူမရောက်ရှိနေတဲ့ နေရာက စစ်ပွဲတွေရဲ့ရန်ကို ရှောင်ပုန်းနေထိုင်ရန် တည်ဆောက်ထားသော Bunker တစ်လုံးပဲဖြစ်တယ်ဆိုပြီး ပြောပြတယ်။ အခန်းထဲက ထိုလူကြီးထွက်သွားတော့ သူ့နာမည်ကို လှမ်းပြောပြတယ်။ “Howard” တဲ့။

0 comments:

Post a Comment