Rating : 6.1/10
Country : Spain
Genre : Crime, Thriller
Cast : Marta Etura, Nene, Leonardo Sbaraglia
Released Date : 2019
Duration : 2h 1min

ဒီဇာတ်ကားလေးက စကြည့်ကြည့်ချင်း ထွက်လာတဲ့အသံတွေကြောင့် နဲနဲတောင် အံသြသွားမိတယ် horror နဲ့များမှားသလားပေါ့လေ။ ဘာသာရေးနဲ့ စုန်းကဝေတွေရဲ့ အားပြိုင်မှုအနည်းအကျဥ်းပါပြီးတော့ ဇာတ်အိမ်ဖွဲ့ထားတာ သပ်ရပ်လွန်းလို့ ဒါပြီးရင် ဘာဖြစ်ပါမယ်လို့ တွေးလို့ လုံးဝမရပဲနဲ့ ဇာတ်ကို အဆုံးထိ စိတ်ဝင်တစားကြည့်ချင်အောင်ဆွဲခေါ်သွားပါတယ်။
အမျိုးသမီး စုံထောက်တစ်ယောက်ဖြစ်တဲ့ Salazar ဟာ ကလေးတစ်ယောက်ရပြီး အလုပ်ခွင်ပြန်ဝင်တဲ့အခါမှာ သူမကို ရည်ညွန်းပြီး တူညီတဲ့အမှတ်အသားတွေချန်ခဲ့တဲ့ လူသတ်မှုတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဘာကြောင့်သူမကိုရည်ညွှန်းပြီး အမှတ်အသားတွေချန်ခဲ့တာလဲ။ ဒီလိုနဲ့ ဇာတ်လမ်း တစ်ဝက်ကျော်လောက်အထိဆွဲခေါ်သွားတာတောင် အဆုံးမှာဘာဖြစ်မယ်ဆိုတာ လုံးဝခန့်မှန်းလို့မရတဲ့ဇာတ်ကားလေးပါ။ မြုပ်ကွက်တွေဟာ သေသပ်လှပလွန်းလို့ သြချယူရပါတယ်။ တကယ်မိုက်ပါတယ်။ တစ်ခုပဲ ဇာတ်ကားက အလင်းနည်းတယ်။အာရုံစိုက်ပြီးကြည့်ယူရတယ်။ သို့ပေမယ့် horror ဆန်ဆန် အရမ်းလည်းမကြမ်းပဲ စိတ်ဝင်စား စရာအရမ်းကောင်းတဲ့ စုံထောက်ကားကြည့်ချင်တယ်ဆိုရင်တော့ဖြင့် ဒီကားကို ညွှန်းပါရစေ။ တစ်ဝက်လောက်ပြောပြီးပြီမို့ spoiler မိမှာစိုးလို့ မပြောတော့ပါဘူးနော်။

0 comments:
Post a Comment