Mr. Jones (2019)

Rating : 6.8/10
Country : Poland
Genre : Biography, Drama, Thriller 
Cast : James Norton, Vanessa Kirby, Peter Sarsgaard                               
Released Date : 2019
Duration : 2h 21min 

ဒီကားဟာဆိုရင် 1930 ခုနှစ် က ဆိုဗီယက်နိုင်ငံအတွင်းမှာဖြစ်ခဲ့တဲ့ ငတ်မွတ်ခေါင်းပါးမှုဖြစ်ရပ်ကြီးအကြောင်း အတ္ထုပ္ပတိဇာတ်လမ်းဖြစ်ပါတယ် ။

အကျဉ်းချုပ်ပြောရမယ်ဆိုရင်…
ဂရက်ဂျွန် (မစ္စတာဂျွန်) ဟာ ဗြိတိန်နိုင်ငံခြားရုံးက ပါမောက္ခချုပ် လော့ဂျီရော့ရဲ့ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဂျာမနီအန္တရယ်ကျလုဆဲဆဲ အခြေအနေမှာ နာဇီတွေနဲ့စစ်ပွဲကို တိုက်တွန်းခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရပါတယ်။ သူ့အလုပ်ကိုဆုံးရှုံးလိုက်ရပေမယ့် ဂျာနယ်လစ်တစ်ယောက်ရဲ့ဗီဇာနဲ့ရုရှားကို ဘေးကင်းစွာသွားနိုင်ခဲ့ပါတယ်။ မစ္စတာဂျွန်ဟာ ယူဂရိန်းနိုင်ငံ မော့စကိုမြို့ကိုသွားတဲ့လမ်းတစ်လျှောက်မှာ လူသားတွေကြောင့် ဖြစ်ပျက်နေတဲ့လူသားတွေရဲ့ ငတ်မွတ်ဆာလောင်မှုတွေရဲ့မြင်ကွင်းကို ရက်ရက်စက်စက်အနေအထားတွေနဲ့တကွ မြင်တွေ့ခဲ့ရပါတယ်။ (ဘယ်လောက်ထိဆိုးဝါးတဲ့အနေအထားလဲဆို သစ်ခေါက်တွေ… လူသားကိုတောင်ပြန်စားနေကြတဲ့အထိ အဲ့လိုမြင်ကွင်းတွေပါ ) ။ အဲ့ဒီအခါ စာရေးဆရာ ဝေလ်တာဒူရမ်တီရဲ့ New York Time မှာ Pulitzer Prize (စာပေဆု)ရထားတဲ့ စတာလင်ရဲ့ သတင်းတွေရဲ့နောက်ကွယ်က အကြောင်းအရာတွေဟာ မစ္စတာဂျွန်အတွက်ဆန့်ကျင်စရာဖြစ်လာခဲ့ပြီး နောက်ကွယ်ကအမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ အလွန်ဆိုးဝါးလွန်းတဲ့ ငတ်မွတ်ခေါင်းပါးမှုကပ်ဘေးကြီးအတွက် အမှန်တရားကိုဖော်ထုတ်ပေးမယ့် မစ္စတာ ဂျွန်ရဲ့ထူးခြားတဲ့သတ္တိအကြောင်းကို ဒီဇာတ်ကားထဲမှာ စစ်ဘေးဒုက္ခ…ငတ်မွတ်ဆာလောင်ခြင်း ကပ်ဘေးကြီးတွေနဲ့အတူ ဝမ်းနည်းစရာခြောက်ခြားဖွယ်ကြည့်နိုင်မှာပါ….

0 comments:

Post a Comment