20 Episdoes
Rating : 8.9/10
Country : South Korean
Genre : Psychological,Comedy,Romance,Drama
Cast : Ji Sung,Hwang Jing Eum,Park Seo Joon,Kim Yoo Ri,Oh Min Suk
ဒီတခေါက် ပြသမယ့် ဇာတ်လမ်းတွဲကတော့
ယောင်နုလို့ တခေတ်တခါက နာမည်ကြီးခဲ့တဲ့
မင်းသား Ji Sung ရယ်၊
ဒုဥက္ကဌလို့ နာမည်ကြီးနေတဲ့ Park Seo Joon ရယ်
မင်းသမီး Hwang Jung Eun တို့ ခေါင်းဆောင်ပါဝင်ထားတဲ့
ဟာသဇာတ်မြူး အချစ်ဇာတ်လမ်းတွဲဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်တုန်းက MBC ရုပ်သံလိုင်းကနေ ပြသခဲ့ပြီး
အပိုင်း ၂၀ ရှိပါတယ်။
စိတ်ပုံသဏ္ဍာန် ကွဲပြားခြားနားမှု ၇ ခုရှိတဲ့ အမျိုးသားတဦးနဲ့
စိတ်ရောဂါအထူးကုဆရာဝန်မလေးတို့ကြားက
ထူးဆန်းတဲ့ ချစ်ခြင်းတရားကို
ထင်ဟပ်ပြသမယ့် ဒရာမာဖြစ်ပါတယ်။
ချာဒိုဟွန်းဟာ ကိုရီးယားမှာ ကျိကျိတက်ချမ်းသာပါတယ်လု်ိ့
ဆိုတဲ့ချယ်ဘော မိသားစုရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ပြီး
ငယ်ငယ်က အသက်အန္တရာယ်ခြိမ်းခြောက်ခံရတဲ့အထိ ဖြစ်ခဲ့တဲ့
ဖြစ်ရပ်တွေကြောင့် စိတ်အပြောင်းအလဲ ဖြစ်တဲ့ ဝေဒနာကို
ခံစားနေရသူဖြစ်ပါတယ်။
တနေ့မှာ စိတ်ရောဂါကု ဆရာဝန်မလေး အိုရီဂျင်နဲ့ တွေ့ဆုံခဲ့ပြီး
သူ့ရဲ့ အကူအညီနဲ့ သူခံစားနေရတဲ့ ဝေဒနာကို
ပျောက်ကင်းအောင် ကုသပါတော့တယ်။
သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ စိတ်ထဲကနေ လူပုံစံ ၇ မျိုးအဖြစ်
ပြောင်းလဲနေတဲ့အတွက် ကုမ္ပဏီကို ဆက်ခံရေးမှာ
အဟန့်အတားဖြစ်လာခဲ့ပြီး နေ့စဉ်လူမှုဘဝမှာပါ
အရှုပ်အထွေးတွေ ဖြစ်လာခဲ့ပါတယ်။
ဆရာဝန်မလေး အိုရဲ့ အမြွှာအကို အိုရီအွန်ကတော့
ပါရမီရှင်စာရေးဆရာတယောက်ဖြစ်ပြီး ချာဒိုဟွန်းတို့ မိသားစု
နောက်ကွယ်က လျှို့ဝှက်ချက်တွေနဲ့
ဇာတ်လမ်းအရှုပ်အရှင်းတွေကိုဖော်ထုတ်ဖို့ ကြိုးစားရပါတော့တယ်။
သူတို့ ၃ ဦးကြားက ထူးဆန်းတဲ့ ချစ်ခြင်းမေတ္တာတရားကို
ဟာသနှောပြီး ရိုက်ကူးထားတဲ့
ဇာတ်လမ်းကောင်းလေး တခုဖြစ်ပါတယ်။

0 comments:
Post a Comment