16 Episdoes
Rating : 8.3/10
Country : South Korean
Genre : Friendship,Romance,Life,School,Youth,Drama,Sports
Cast : Park Se Wan,Jang Dong Yoon,Lee Yoo Mi,Shin Do Hyun,Kim Soo Hyun,Lee Joo Young
ကဲ ဒီတစ်ခေါက်လည်း ဖန်တွေအတွက်ဖြစ်ရပ်မှန် ကိုးရီးယား အကဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးရဲ့ ထူးခြားချက်ကတော့ ဆယ်ကျော်သက် ကလေးမလေးတွေကြည့် စုပြီးရိုက်ထားတဲ့ဇာတ်ကားလေးပါ ကလေးမလေးတွေက ချစ်စရာလည်းကောင်းသလို….ကျရာဇာတ်ရုပ်ကနေပြီးတော့ ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်သွားနိုင်ပါတယ်…. KBS2 Network ကနေပြီးတော့ အပတ်စဉ် Monday နဲ့ Tuesday တွေမှာ ပြသလျက်ရှိတဲ့ ပရိုဂရမ်လေးပါ အပိုင်း ၁၆ ပိုင်းအထိ ပါဝင်မယ်လို့ဆိုထားတဲ့ Series လေးတစ်ခုပါ ပြီးတော့ ဒီဇာတ်လမ်းလေးက အသက် ၁၅နှစ်အောက်ကလေးငယ်လေးတွေအတွက် ကြည့်ရှ့ဖို့မသင့်တော်ပါဘူးလို့ သတ်မှတ်ထားပါတယ် ဆိုတော့ 15+ ဇာတ်လမ်းတွဲလေးပေါ့ဗျာ ကဲ…ကြည့်ကြည့်လိုက်တော့ဗျာ… ဟာ…..အဲ့လိုနော်…စိတ်ကောက်တဲ့လေသံနဲ့ မပြောနဲ့့… ပရိတ်သတ်ကြီးရေ…. ဇာတ်လမ်းလေးကိုကြည့်လိုက်ပါဦးခင်ဗျာ…လို့ပြော…. အညွန်း **** အသက်မွေးမှု အထက်တန်းကျောင်းက အငယ်တန်းကျောင်းသူဖြစ်တဲ့ ကင်ရှီအွန်းက သူ့ဆယ်ကျော်သက်ဘဝကို စိတ်မချမ်းမသာခံစားရင်း စိတ်ပျက်မှုတွေနဲ့ပဲ ရှင်သန်နေပါတယ်။ အသက်မွေးကြောင်းအလုပ်ကို အကြံပေးဆွေးနွေးတဲ့အချိန်မှာ ဆိုးလ်မြို့က ကောလိပ်ကို တက်ချင်တဲ့ သူ့မျှော်လင့်ချက်ကို ထုတ်ပြောလိုက်တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ဖို့ အကြံပေးခံလိုက်ရပါတယ် ဂျူဟိုက ရှီအွန်းတို့ကျောင်းရဲ့ အကအားကစားအသင်းကိုဦးဆောင်သူပါ အသင်းကိုပိတ်လိုက်ရတော့မယ် အခြေအနေကို သူရင်ဆိုင်ရတဲ့အခါ လာမယ့်ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အဖွဲ့ဝင်တွေကို သူစရှာပါတော့တယ် ရှီအွန်းက အသစ်တွေ့ထားတဲ့ သူ့ရဲ့စိတ်ပါဝင်စားမှုနဲ့ နာမည်ကြီးလာအောင် လုပ်ရင်းအောင်မြင်တဲ့အနာဂတ်ကို စိတ်းကူးသန်းရင်းနဲ့ သူှုသူငယ်ချင်းတွေကို အကအားကစားအသင်းထဲဝင်အောင် ဆွဲဆောင်ပါတော့တယ် လူရွေးပွဲနေ့မှာ အသင်းရဲ့ မဖြစ်မနေလိုအပ်မှုကြောင့် သူတို့အားလုံးက အသင်းဝင်ခွင့်ရသွားကြတော့တယ် အဖွဲ့ဝင်အသစ်တွေကြား ကနဦးမိတ်ဆက်နေတုန်းမှာ နောက်ထပ်တစ်ယောက်က အသင်းဗီရိုထဲကနေ တစ်ချိန်လုံးပုန်းနေတာကို တွေ့သွားကြပါတော့တယ်
0 comments:
Post a Comment