Jewel in the Palace (2003)

54 Episdoes

Rating : 8.7/10
Country : South Korean
Genre : Food,Historical,Romance,Drama,Medical,Melodrama
Cast : Lee Young Ae,Ji Jin Hee,Hong Ri Na,Im Ho

2003ခုနှစ်​မှာ ထုတ်​လွင်​့ပြသခဲ့ပီး (ချန်​ဂင်​)ဆိုပီး အရမ်​းကို နာမည်​ကြီး​အောင်​မြင်​ခဲ့​သော(Jewel in the Palace)နန်​းတွင်​းရတနာ ဇာတ်​လမ်​းတွဲ ကိုယခု MRTV -4မှ (နန်​းထိုက်​​သော ပန်​းတစ်​ပွင်​့) ဆိုပီး ပြန်​ပြသ​နေပါတယ်​

လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ခန့်က ချိုဆန်မင်းဆက်ကာလအတွင်း ကိုရီးယားနိုင်ငံသည် စည်းကမ်းတင်းကြပ်သော ဝါစဉ်ခွဲခြားသတ်မှတ်မှုနှင့် အမျိုးသားများကြီးစိုးသောလူမှုအဖွဲ့အစည်းအပေါ် ဂုဏ်ယူခဲ့သည်။ ထိုကာလကိုဇာတ်အိမ်တည်ထားသော (နန်းထိုက်သော ပန်းတစ်ပွင့်) ဇာတ်လမ်းတွဲသည် ထိုခေတ်အခါကသမိုင်းတွင်ထင်ရှားခဲ့ပြီးဘုရင့်တော်ဝင်သမားတော်ဖြစ်ခဲ့သောပထမဆုံးအမျိုးသမီး(ချန်ဂင်)၏ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားသည်။ ဇာတ်အဆင့်အတန်းနိမ့်ပါးသည့် နွမ်းပါးသောမိန်းကလေးဖြစ်သော်လည်းအမျိုးသားများကြီးစိုးသည့် လူ့အဖွဲ့အစည်းတွင် ချန်ဂင်သည် အဆင့်အတန်းခွဲခြားဆက်ဆံခံရမှုများကိုကျော်လွှားပြီးတော်ဝင်စားဖိုမှူးနေရာကိုရယူနိုင်ခဲ့ကာနောက်ပိုင်းတွင် တော်ဝင်သမားတော်ဖြစ်လာပြီးဘုရင့်ကျန်းမာရေးကိုတာဝန်ယူရသောသမားတော်အဆင့်ဆီတက်လှမ်းနိုင်ခဲ့သည်။ ဘုရင်ချီးမြှင့်သောမဟာချန်ဂင်ဘွဲ့အထိရရှိခဲ့သည်။

❝ အောင်မြင်မှု ရှုံးနိမ့်မှုများအပြည့်ဖြင့် အရောင်အသွေးစုံလင်လှသောသူ့ဘဝနှင့် သူ့အချစ်ဇာတ်လမ်းကိုပါ လှပစွာဖော်ညွှန်းထားတဲ့ " နန်းထိုက်သော ပန်းတစ်ပွင့်" ဇာတ်လမ်းတွဲဖြစ်ပါတယ် ❞

0 comments:

Post a Comment