16 Episdoes
Rating : 7.5/10
Country : South Korean
Genre : Action,Suspense,Thriller,Mystery,Psychological,Law,Supernatural,Detective,Investigation
Cast : Joo Ji Hoon,Jin Se Yeon,Kim Kang Woo,Kim Yoo Ri
ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့သူတွေ လက်
မလွှတ်သင့်တဲ့ကားပါ ....
သမာသမတ်ကျတဲ့ တရားလွှတ်တော်ရှေ့နေတစ်
ယောက်နဲ့ ပြစ်မှုမှတ်တမ်းရှိတဲ့ အာဏာရှိတဲ့ စီးပွား
ရေးလုပ်ငန်းရှင်တစ်ယောက် ၊ သူတို့နှစ်ယောက်ဟာ သဘာ၀လွန်စွမ်းအားတွေနဲ့ ပတ်သက်နေပြီး အမှုတစ်ခုကိုရင်ဆိုင်ဖြေရှင်းကြပါတယ်...
ဒီစွမ်းအားတွေ သူတို့မှာ ဘယ်လိုရှိလာတယ်ပျောက်ဆုံးနေတဲ့ အဖြေရှာမရတဲ့ အမှုတွေနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာ စိတ်၀င်စားဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်
နိုင်ငံရေးအလှည့်အပြောင်း အာဏာရှိလူတန်းစား စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပတ်သက်တဲ့ အရှုပ်အထွေးများကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်
မင်းသားကတော့ ပရိသတ်နဲ့ မစိမ်းတဲ့ Along with the God,Kingdom ထဲက Ju Ji Hoon🤎 က ပါ၀င်သရုပ်ဆောင်ထားပါတယ် မင်းသားမင်းသမီး အကုန်လုံးက ကိုယ်တွေ့နဲ့စိမ်းတဲ့သူချည်းပါပဲ ...
fantastic ,supernatural ဇာတ်ကားတွေကိုမကြိုက်ဘူးဆိုရင်တောင် စိတ်၀င်စားဖို့ကောင်းတဲ့ ကားတစ်ကားဖြစ်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ

0 comments:
Post a Comment