Imaginary Cat (2015)

8 Episdoes

Rating : 7.5/10
Country : South Korean
Genre : Friendship,Animals,Life,Tragedy
Cast : Yoo Seung Ho,Han Ye Ri,Jo Hye Jung

ဇာတ်လမ်းလေးသည်စိတ်ဒဏ်ရာ
ကိုယ်စီရခဲ့ကြသည်လူသား
တစ် ဦးနှင့်လေလွှင့်ကြောင်လေးတစ်ကောင်
တို့ကြားဖြစ်ပေါ်လာသည့်
သံယောဇဉ်နှင့်ခံစားမှုတို့
ကိုဖော်ပြထားပါသည်။

အင်တာနက်ရုပ်ပြရေးဆွဲသူ
တစ်ဦးဖြစ်ဖို့အတွက်ကြိုးစားနေ
သည့်ဟွမ်ဂျိုးဟွမ်(ရိုဆန်ဟို)သည်
စာအုပ်ဆိုင်တွင်အချိန်ပိုင်းအလုပ်ဖြင့်
ငွေကြေးအခက်အခဲတွေ
ကိုဖြေရှင်းနေရသူတစ်ဦးဖြစ်
ပါသည်။ခေါင်းကြောမာသည့်
အပြင်၊ကိုယ့်စိတ်ကူးတွေကိုပဲ
ဦးစားပေးတတ်သည့်
ဟွမ်ဂျိုးဟွမ်သည်အောင်မြင်
သည့်ရုပ်ပြရေးဆွဲသူဖြစ်ဖို့
အတွက်အခက်အခဲတွေနှင့်ရင်ဆိုင်ခဲ့ရပါသည်။

တစ်နေ့မှာတော့လေလွှင့်ကြောင်
ကလေး“Bok Gil” နှင့်ဆုံဆည်းလိုက်တဲ့
အခါမှာတော့သူ့ခံစားချက်တွေကိုပြောဖို့
အတွက်သူ့ဆီမှာ အဖော်ရှိ
လာခဲ့ပါသည်။ကြောင်ကလေး“ Bok Gil ”
အတွက်သူသည်အလုပ်ကိုကြိုး
စားခဲ့သည်။ကြောင်ကလေးသည်သူ့သခင်
ကိုစကားလုံးတွေဖြင့်နှစ်သိမ့်မပေးနိုင်ပေမဲ့သူ့
သခင်၏ဘဝလေးပိုပြီးတော့သက်တောင့်
သက်သာဖြစ်လာဖို့အတွက်တော့
အဖော်ကောင်းတစ်ဦး ဖြစ်လာခဲ့ပါသည်။

“Imaginary Cat” ဇာတ်လမ်းတွဲ
သည်တောင်ကိုးရီးယားနိုင်ငံ
အတွက်တော့ပထမဦးဆုံးကြောင်
ကိုအဓိကထားပြီးရိုက်ကူးထားသည့်
ဇာတ်လမ်းတွဲလေးဖြစ်ပါသည်။
ဇာတ်လမ်းထဲတွက်လူသားတွေရဲ့
အမြင်တွေအပြင်ကြောင်တစ်ကောင်
၏အတွေးတွေကိုလည်းထည့်
သွင်းရိုက်ကူးထားပါသည်။

0 comments:

Post a Comment