Go Karts (2020)

Rating : 5.9/10
Country : Australia
Genre : Family 
Cast : Frances O'Connor, Richard Roxburgh, Anastasia Bampos                             
Released Date : 2020
Duration : 1h 42min 

ဒီကားလေးကတော့ အရမ်းကြည့်လို့ကောင်းတဲ့ ပြိုင်ကားမောင်းတဲ့ကားလေးဘဲ ဖြစ်ပါတယ် ။

ဇာတ်လမ်းထဲမှာ ဂျက်ဟိုပါ ဆိုတဲ့ကောင်လေးဟာ ပြိုင်ကားမောင်းရတာကို အရမ်းဝါသနာကြီးတဲ့သူပါ။ မန်ဒီ ရဲ့မွေးနေ့ပွဲမှာ ကားမောင်းပြိုင်ရာက ပြိုင်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အင်ဂျင်နီယာမလေး မန်ဒီက ဟိုပါ့အတွက် ပြိုင်ကားကို သူမစိတ်ကူးအတိုင်း ပုံဖော်ပေးခဲ့တယ်။ လက်ပေါက်ကပ်တဲ့ ပက်ထရစ်ဆီမှာ တပည့်ခံပြီးတော့ ကားမောင်းနည်းတွေ သင်ယူပြီး ပြိုင်ပွဲဝင်ခဲ့တယ်။ ပြိုင်ကားမောင်းရတာကို ဝါသနာကြီးတဲ့ဟိုပါဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ သူအရမ်းဖြစ်ချင်တဲ့ ချန်ပီယံ တစ်ယောက်ကော ဖြစ်လာမလား၊ အင်ဂျင်နီယာမလေး မန်ဒီနဲ့ဘယ်လိုအဆုံးသတ်မလဲ၊ ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment