Buffalo '66 (1998)

Rating : 7.5/10
Country : United State
Genre : Comedy, Drama, Romance 
Cast : Vincent Gallo, Christina Ricci, Ben Gazzara                          
Released Date : 1998
Duration : 1h 50min

ဒီဇာတ်ကားလေးကတော့၁၉၉၈ခုနစ်ကထွက်ရှိထားခဲ့တဲ့ကားဟောင်းကားကောင်းလေးတစ်ကားပါ။ထွက်ထားတာကြာပြီဖြစ်ပေမယ့် international movie page တွေ blogတွေကနေ ခဏခဏအညွှန်းခံရသလိုထိပ်တန်းရိုမန့်တစ်ကားကောင်းစာရင်းတွေထဲမှာလည်းခဏခဏစာရင်းအသွင်းခံရပြီး rotten tomatoes မှာ 76% IMDb မှာ 7.5 ရရှိထားပြီး google users 90% ရဲ့ထောက်ခံအားပေးမှုကိုလည်းရရှိထားတာဖြစ်ပါတယ်။ဇာတ်ကြောင်းလေးကလည်းဆန်းပြီးသမားရိုးကျအချစ်ကားမျိုးတွေထဲကခွဲထွက်ထားတဲ့ဒီကားကကိုယ်တိုင်ပဲဇာတ်ညွှန်းရေးသူကိုယ်တိုင်ပဲပထမဆုံးအကြိမ်ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးထားတဲ့မင်းသားအတွက်ဆန်ခါတင်ဆုစာရင်းတွေဝင်ပြီးဆုအချို့သိမ်းပိုက်နိုင်စေခဲ့တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့လူ့အသိုင်းအဝိုင်းနဲ့သဟဇာတသိပ်မဖြစ်တဲ့စိတ်ခံစားချက်တွေကိုလည်းသိပ်အရေးမပေးတတ်တော့တဲ့လမ်းဆုံးရောက်လုဆဲဆဲယောက်ျားတစ်ယောက်ဟာသူ့ကိုတကယ်နားလည်ပြီးမြတ်နိုးတန်ဖိုးထားတဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်တွေနဲ့ပြန်လည်ကယ်တင်ခြင်းခံလိုက်ရပုံအကြောင်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ပြီးလူတစ်ယောက်အတွက်ကလေးဘဝမှာမှန်မှန်ကန်ကန်ပြုစုပျိုးထောင်ခံရမှုဟာဘယ်လောက်အရေးပါတယ်၊ကလေးဘဝမှာကြုံတွေ့ရတဲ့အခြေအနေတွေဟာလူကြီးဘဝထိဘယ်လိုရိုက်ခတ်မှုတွေရှိတယ်ဆိုတာကိုသတိပြုမိစေပြီးလူတစ်ယောက်မာကြောခက်ထန်နေရခြင်းနောက်ကွယ်ကအကြောင်းတရားများကိုတွေးမိစေသောကားကောင်းကလေးပါ။အင်္ဂလိပ်ကားတို့ထုံးစံအတိုင်းတစ်ဦးနဲ့တစ်ဦးကြားကအချစ်မေတ္တာတွေကိုစကားလုံးတွေအမူအရာတွေနဲ့အတိအလင်းထုတ်ဖော်ပြသမထားကြတဲ့အတွက်မသိမသာလှစ်ဟပြထားတဲ့အသေးအဖွဲ့အမှတ်တမဲ့အပြုအမူလေးတွေကိုရှာကြံခံစားကြည့်ကြဖို့တိုက်တွန်းရင်းချောက်ထဲကျလုဆဲဆဲဘဝကြီးကိုဆွဲတင်ကယ်ဆယ်ပေးမယ့်လက်တစ်စုံအားရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ကိုယ့်ကိုယ်ကိုယ်ရောကြည့်ရှုသူတို့အတွက်ပါဆုတောင်းပေးလိုက်ပါတယ်။😅💛
ဒီဇာတ်ကားလေးကတော့၁၉၉၈ခုနစ်ကထွက်ရှိထားခဲ့တဲ့ကားဟောင်းကားကောင်းလေးတစ်ကားပါ။ထွက်ထားတာကြာပြီဖြစ်ပေမယ့် international movie page တွေ blogတွေကနေ ခဏခဏအညွှန်းခံရသလိုထိပ်တန်းရိုမန့်တစ်ကားကောင်းစာရင်းတွေထဲမှာလည်းခဏခဏစာရင်းအသွင်းခံရပြီး rotten tomatoes မှာ 76% IMDb မှာ 7.5 ရရှိထားပြီး google users 90% ရဲ့ထောက်ခံအားပေးမှုကိုလည်းရရှိထားတာဖြစ်ပါတယ်။ဇာတ်ကြောင်းလေးကလည်းဆန်းပြီးသမားရိုးကျအချစ်ကားမျိုးတွေထဲကခွဲထွက်ထားတဲ့ဒီကားကကိုယ်တိုင်ပဲဇာတ်ညွှန်းရေးသူကိုယ်တိုင်ပဲပထမဆုံးအကြိမ်ဒါရိုက်တာအဖြစ်တာဝန်ယူရိုက်ကူးထားတဲ့မင်းသားအတွက်ဆန်ခါတင်ဆုစာရင်းတွေဝင်ပြီးဆုအချို့သိမ်းပိုက်နိုင်စေခဲ့တဲ့ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့လူ့အသိုင်းအဝိုင်းနဲ့သဟဇာတသိပ်မဖြစ်တဲ့စိတ်ခံစားချက်တွေကိုလည်းသိပ်အရေးမပေးတတ်တော့တဲ့လမ်းဆုံးရောက်လုဆဲဆဲယောက်ျားတစ်ယောက်ဟာသူ့ကိုတကယ်နားလည်ပြီးမြတ်နိုးတန်ဖိုးထားတဲ့မိန်းကလေးတစ်ယောက်ရဲ့အချစ်တွေနဲ့ပြန်လည်ကယ်တင်ခြင်းခံလိုက်ရပုံအကြောင်းဖြစ်ပါတယ်။ဒီဇာတ်ကားလေးကိုကြည့်ပြီးလူတစ်ယောက်အတွက်ကလေးဘဝမှာမှန်မှန်ကန်ကန်ပြုစုပျိုးထောင်ခံရမှုဟာဘယ်လောက်အရေးပါတယ်၊ကလေးဘဝမှာကြုံတွေ့ရတဲ့အခြေအနေတွေဟာလူကြီးဘဝထိဘယ်လိုရိုက်ခတ်မှုတွေရှိတယ်ဆိုတာကိုသတိပြုမိစေပြီးလူတစ်ယောက်မာကြောခက်ထန်နေရခြင်းနောက်ကွယ်ကအကြောင်းတရားများကိုတွေးမိစေသောကားကောင်းကလေးပါ။အင်္ဂလိပ်ကားတို့ထုံးစံအတိုင်းတစ်ဦးနဲ့တစ်ဦးကြားကအချစ်မေတ္တာတွေကိုစကားလုံးတွေအမူအရာတွေနဲ့အတိအလင်းထုတ်ဖော်ပြသမထားကြတဲ့အတွက်မသိမသာလှစ်ဟပြထားတဲ့အသေးအဖွဲ့အမှတ်တမဲ့အပြုအမူလေးတွေကိုရှာကြံခံစားကြည့်ကြဖို့တိုက်တွန်းရင်းချောက်ထဲကျလုဆဲဆဲဘဝကြီးကိုဆွဲတင်ကယ်ဆယ်ပေးမယ့်လက်တစ်စုံအားရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ကိုယ့်ကိုယ်ကိုယ်ရောကြည့်ရှုသူတို့အတွက်ပါဆုတောင်းပေးလိုက်ပါတယ်။

0 comments:

Post a Comment