Ayla The Daughter of War (2017)

Rating : 8.5/10
Country : Turkey
Genre :   Biography, Drama, History
Cast :   Çetin Tekindor, Ismail Hacioglu, Kyung-jin Lee                      
Released Date : 2017
Duration : 2h 5min

ထူးထူးခြားခြားလေးဖြစ်အောင် တူရကီ-ကိုးရီးယား ဖက်စပ် ဖြစ်ရပ်မှန်ကားလေးကို တင်ဆက်ပေးပါမယ်

ဒီကားက တူရကီ စစ်မှုထမ်းဟောင်း Suleyman Dilbirligi ရဲ့ အကြောင်းကို ရိုက်ကူးထားပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုတွေရရှိခဲ့တဲ့ IMDb rating 8.5/10 ရရှိထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်

ဇာတ်လမ်းလေးကတော့ ကိုးရီးယားစစ်ပွဲကာလမှာ အမေရိကန်အကူအညီနဲ့ တောင်ကိုးရီးယားက တခြားနိုင်ငံတွေကို စစ်ကူတောင်းခဲ့ရာမှာ တူရကီနိုင်ငံကလည်း သူတို့​တပ်ဖွဲ့ကို စေလွှတ်ပေးခဲ့ပါတယ်

တူရကီတပ်ဖွဲ့ထဲမှာ စစ်အင်ဂျင်နီယာ တပ်ကြပ် စူလေးမန်း နဲ့ သူ့အချစ်ဆုံး သူငယ်ချင်း အလီတို့ ပါဝင်သွားခဲ့ပါတယ်

ကိုးရီးယားကိုရောက်ရှိပြီး မကြာခင်မှာ စူလေးမန်းတို့ အဖွဲ့ဟာ ရွာလုံးကျွတ် အသတ်ခံထားရတဲ့နေရာကို ရောက်ရှိသွားပြီး အသက် ငါးနှစ်ဝန်းကျင် မိန်းကလေးငယ်လေး တစ်ယောက်ကို အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ် အကြောက်လွန်သွားတဲ့ ကလေးက စကားမပြောနိုင်တော့ပါဘူး

ကလေးငယ်လေးကို တွေ့တဲ့နေရာမှာ မထားခဲ့နိုင်တဲ့ စူလေးမန်းဟာ တပ်ထဲကို ခေါ်လာခဲ့ပြီး အိုင်လာလို့ နာမည်ပေးခဲ့ပါတယ်

ကလေးကို အခက်အခဲအမျိုးမျိုးနဲ့ ရ​အောင် ခေါ်ယူစောင့်ရှောက်ပေးထားတဲ့ စူလေးမန်းဟာ တစ်နှစ်ပြည့်လို့ တူရကီကို ပြန်ဖို့ အမိန့်ကျလာတဲ့အခါမှာတော့…

တပ်ကြပ်စူလေးမန်းရဲ့ စိတ်ထားမြင့်​မြတ်ပုံ
တပ်သားတွေ အချင်းချင်း မေတ္တာတရား ကြီးမားပုံ
စစ်ပွဲကာလမှာ ပြည်သူတွေ အထူးသဖြင့် ကလေးငယ်တွေ နာကျင်ခံစားရပုံတွေကို ရသအမျိုးမျိုးနဲ့ ကြည့်ရှုခံစားရမယ့် ဇာတ်ကားကောင်းလေးပါ

0 comments:

Post a Comment