Rating : 8.2/10
Country : India
Genre : Thriller
Cast : Vardhan Puri, Shivaleeka Oberoi
Released Date : 2019
Duration : 2h 17min
Country : India
Genre : Thriller
Cast : Vardhan Puri, Shivaleeka Oberoi
Released Date : 2019
Duration : 2h 17min
ဇာတ်လမ်းထဲမှာ အမျိုးသမီး အမျိုးသားနှစ်ဦး လုံးရဲ့ အားနည်းချက် အားသာချက်တွေကိုတင်ပြထားပြီး အက်ရှင် လည်းပါ အချစ်လည်းပါ သွေးထွက်သံယိုလည်း ပါထားပြီး ပိုပြီးကောင်းတဲ့အချက်က တော့ ဇာတ်လမ်းကို တင်ပြပုံစံ ဇာတ်လမ်းရဲ့သိုဝှက်ပုံ နဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမှာအရမ်း စိတ်ဝင်စားစရာကောင်းပါတယ်။
ဇာတ်လမ်းဟာ Trailer မကြည့်ဖူးရင် အိန္ဒိယပေါကားကြီးလို့ အစောပိုင်းမိနစ်၂၀ လောက်မှာ ထင်ရက်စရာရှိပါတယ်။ တကယ်တော့ Trailer ကိုအရင်ကြည့်ပြီးမှ ဇာတ်လမ်းကိုကြည့်လိုက်တာပိုပြီးကောင်းမယ်ထင်ပါတယ်။
အညွန်အနေနဲ့ဆိုရင် ကျွန်တော့်အနေနဲ့ Interval အထိပဲပြောသွားပါမယ်…
ရိုးသားတယ် အလုပ်ကြိုးစားတယ် အရမ်းလည်းအေးဆေးတဲ့ ကော်လိပ်ကျောင်းသားဆာဟေးဆိုတဲ့ကောင်လေးဟာ အရမ်းလှပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မီတီဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နှစ်သက်မိပါတယ်.. သူတို့နှစ်ယောက်ရည်းစားဖြစ်ပြီးနောက်မှာ မီတီ ဘက်မှာ ပြောင်းလဲမှုများစွာဖြစ်ခဲ့ပါတယ်….. ပထမ အနေနဲ့ မီတီဟာ အပျော်အပါးမက်သလိုဖြစ်လာပါတယ် …. ပြီးနောက်မှာ မီတီ အနေနဲ့ တစ်ခြားကောင်လေးနဲ့ တွဲလာလုပ်နေသလိုဖြစ်သွားတော့ ဆာဟေး အနေနဲ့ ဒေါသထွက်ခဲ့ပါတယ် … ဒုတိယအနေနဲ့ မီတီ စာခိုးချရာကို ဆာဟေးဟာ တစ်ဘက်လှည့်နဲ့တိုင်ကြားလိုက်ပြီး မီတီကို သတိပေးလိုက်ပါတယ်။ နောက်ပိုင်းမှာ ဆာဟေးဟာ သူငယ်ချင်းများကိုရိုက်နှက်တယ် မီတီကိုရိုက်နှက်တယ် နောက်ပိုင်းမှာ မီတီကို အနိုင်ကျင့်စော်ကားတဲ့အထိ ဖြစ်ခဲ့ပါတယ် … အဲဒီလို စော်ကားအနိုင်ကျင့်တဲ့အတွက် ဆာဟေး ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ ၂ နှစ်ခွဲကျခံလိုက်ရပါတယ်…
တကယ် ဆာဟေးနဲ့မီတီ ကြားမှာ ရှိနေတဲ့ လူတွေမသိတဲ့အရာတွေက….. တကယ်ပဲ ဆာဟေးက မီတီကို စော်ကားလိုက်တာလား…… မီတီကပဲဆာဟေးကိုချောက်တွန်းလိုက်တာလား….. ဆာဟေးမှာရှိနေသေးတယ်နောက်ကွယ်က လျို့ဝှက်ချက်တွေ ……… မီတီရဲ့နောက်ကွယ်မှာရှိနေသေးတဲ့ လျို့ဝှက်ချက်တွေ…. ဒီလောကကြီးမှာ မိန်းမတွေလည်း မလုံခြုံဘူး ….. ယောကျ်ားတွေလည်း လုံခြုံမှုမရှိတော့ဘူးဆိုတာကို ပြသလိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ….
0 comments:
Post a Comment