Vivarium (2019)

Rating : 6.0/10
Country : United State
Genre :   Comedy, Horror, Mystery
Cast : Imogen Poots, Danielle Ryan, Molly McCann
Released Date : 2019
Duration : 1h 37min

Now You See Me , Zombie Land ထဲမင်းသား Jesse Eisenberg နဲ့ Green Room, 28 week later ထဲမှမော်ဒယ်မင်းသမီး Imogen Poots တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းလေး ကရိုးရှင်းပြီး နားလည်ရလွယ်သလို မင်းသားမင်းသမီး ကလေးသရုပ်ဆောင် အားလုံးပေါင်း ၄ယောက်နဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ

Setting ပိုင်းမှာလည်းအရမ်းထူးခြားနေပြီး ကြည့်ရတာ အရမ်းကိုမျက်စိပသာဓဖြစ်စေပြီး ဇာတ်လမ်းလေးရဲ့နောက်ခံတီးလုံး တင်ဆက်ပုံကလည်း တစ်ခေတ်ဆန်း ဖို့လုပ်နေသလိုခံစားရပါတယ်.

The Mazeလိုမျိုး ဇာတ်ကားလေးဖြစ်ပြီးတော့ ပိတ်မိသွားတဲ့သူတွေအတွက်ရည်ရွယ်ချက်တွေ လုပ်ဆောင်ရမှာတွေ ဇာတ်လမ်းလေးထဲမှာ ရိုက်ကူးထားမှုဟာ မထင်မှတ်စရာတွေများပါတယ်…

ဇာတ်လမ်းလေးမှာ…. စုံတွဲတစ်တွဲဟာ သူတို့တွေ အတူတူ နေထိုင်ဖို့အတွက်နေအိမ်တစ်လုံးကိုလိုက်ရှာနေပါတယ်.. နောက်ဆုံးမှာတော့ သူတို့ဟာ အိမ်ခြံမြေအကျိုးဆောင်ဆီကိုသွားပြီး တော့တွေ့ခဲ့ပါတယ်

အဲဒီအိမ်ခြံမြေအကျိုးဆောင်မှာ ထူးဆန်းတဲ့သူနဲ့ တွေ့ရှိပြီးတော့ သူတို့ကို လှပလှတဲ့အိမ်ယာများနဲ့ စုစည်းထားတဲ့ ရပ်ကွက်လေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ် …

အဲဒီနေရာမှာသူတို့ဟာ ပိတ်မိနေပြီးတော့ ဝင်္ကပါတစ်ခုတည်းမှာပိတ်မိသွားပြီးတော့ဘာတွေထပ်ဖြစ်မလဲဆိုတာ…. နောက်ပိုင်းမှာဘာတွေဆက်ဖြစ်မလဲဆိုတာ…

0 comments:

Post a Comment