Unbelievable (2019) Miniseries

Season (1) - 8 Episodes (Complete)

Rating : 8.5/10
Country : United State
Genre :  True Crime, Drama
Cast : Susannah Grant. Sarah Timberman. Carl Beverly. Lisa Cholodenko. Ayelet Waldman. Michael Chabon. Katie Couric. Richard Tofel.
Released Date : 2019

နက်ဖလစ်ကနေ အပိုင်း ၈ ပိုင်း ပါဝင်တဲ့ မီနီစီးရီး အသစ်တစ်ခု ထွက်လာပြန်ပါပြီ။
Imdb 8.5 နဲ့ အကောင်းဆုံး စီးရီးဆုတွေထဲမှာ ဆန်ကာတင်နေပါတယ်။ Crime Drama အမျိုးအစားပါ။
၂၀၁၅ တုန်းက ထုတ်ဝေခဲ့တဲ့ “မယုံနိုင်စရာ မုဒိန်းမှု ဇာတ်လမ်းတစ်ပုဒ်” ဆိုတဲ့ သတင်းဆောင်းပါးကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။
ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့အပြင် လိင်ကိစ္စ သရုပ်ဖော်မှုတွေ အသုံးအနှုန်းတွေ ပါဝင်တာကြောင့် ကလေးများ ကြည့်ရှုရန် မသင့်တော်ကြောင်း သတိပေးချင်ပါတယ်။
မုဒိန်းမှုပေါင်း ၃၀ ကျော်ကို ပိပိရိရိ သဲလွန်စမကျန်အောင် ပြုကျင့်သွားတဲ့လူကို ထောင်ဒဏ် 327 နှစ်ခွဲ ချနိုင်ခဲ့တဲ့အထိ ရေဆုံးမြေဆုံးလိုက်တဲ့ စုံထောက်တွေအကြောင်းပါပဲ။
ဇာတ်လမ်းအစမှာတော့ မယ်ရီ ဆိုတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး တစ်ယောက် မုဒိန်းကျင့်ခံရလို့ တိုင်ချက်ဖွင့်တာကနေ စပါတယ်။
ဒီစီးရီးထဲမှာတော့ ကိုရီးက ချစ်လို့ပါတို့၊ အောင်မလေး သမီးလေး ဘဝပျက်ပါပြီတို့၊ ကျွန်တော်တို့ ပြည်သူ့ရဲတွေ ဘာညာတို့ ရှင်းရှင်းလင်းလင်း ပါလာမှာမဟုတ်ပါဘူး။
တိုင်ချက်ဖွင့်တဲ့သူ မိန်းကလေးက နောက်ကြောင်းမရှင်းဘူး၊ သက်သေတွေက ဝေဝါးနေတယ်
မိသားစုကလည်းယုံတစ်ဝက် မယုံတစ်ဝက်၊ ရဲတွေကလည်း လူသားပီပီ သက်သေတွေအပေါ်ပဲ ချင့်ချိန်ယုံတယ်
မင်းသမီးကို ပစ်ယုံလိုက်တဲ့ သူတော်ကောင်းကြီးတွေလည်း မဟုတ်ဘူး။
ပြီးတော့ မုဒိန်းမှုမှာ စစ်ချက်ယူတာတွေ၊ ဆေးစစ်တာတွေ၊ လိုက်ထောက်လှမ်းတာတွေကလည်း အပြင်ကလို စနစ်တကျပါပဲ။
မယ်ရီကို လုပ်ကြံပြီးအမှုဖွင့်တယ်ဆိုပြီး အမှုပိတ်လိုက်အပြီးမှာ၊ အခြားပြည်နယ်တွေမှာလည်း
ပုံစံတူ မုဒိန်းမှုတွေ ဖြစ်နေခဲ့ပြီး တရားခံကို လုံးဝမမိသေးတာကို သိလာရချိန်မှာတော့……
မှုခင်းရုပ်ရှင်တွေမှာ လိုက်ပြီး စဉ်းစားတွေးခေါ်ရတာ ကြိုက်တဲ့သူတွေ
ဗဟုသုတလည်း လိုချင်တဲ့သူတွေအတွက်တော့ စီးရီးကောင်းတစ်ခု ဖြစ်မှာပါပဲ။

0 comments:

Post a Comment