Season (1) - 8 Episodes
Rating : 7.1/10
Country : United State
Genre : Crime, Legal Film
Cast : Octavia Spencer. Lizzy Caplan. Aaron Paul. Elizabeth Perkins. Michael Beach. Mekhi Phifer. Tracie Thoms. Haneefah Wood.
Released Date : 2019-Ongoing
Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။
ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။
ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့
မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။
ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။
ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာ မှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။ အဲ့အချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။
အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။
ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။
နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။

0 comments:
Post a Comment