Descendants Of The Sun (2016)

16 Episdoes

Rating : 8.8/10
Country : South Korean
Genre : Action,Military,Comedy,Romance,Medical,Melodrama
Cast : Song Joong Ki,Song Hye Kyo,Jin Goo,Kim Ji Won

အာရှအလယ်ပိုင်း …. Urak(ဇာတ်ညွှန်းဆရာ စိတ်ကူးထဲကနိုင်ငံ) ကို နောက်ခံထားပြီး
စစ်ဘေးနဲ့ ရောဂါကပ်ဘေး တွေ ကျရောက်နေတဲ့ အချိန်မှာ လူသားအချင်းချင်း ရိိုင်းပင်းမှု စည်းလုံးမှုတွေကို ဖော်ညွှန်းပြီး ဒုက္ခ တွေကြားမှာ အချစ်စစ်တစ်ခုပေါက်ဖွားလာပုံကို ဇာတ်အိမ်တည် ရိုက်ကူးခဲ့ပါတယ်
Alpha အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ယိုရှီဂျင်နဲ့ Volunteer ဆရာဝန်မလေး ဂန်မိုယွန်း တို့ အမှတ်မထင်ဘဲ ဟဲဆောင်ဆေးရုံ မှာ စတင်တွေ့ရှိခဲ့ရာကနေ စပြီး ဟာသလေးတွေနဲ့ အချစ်ဇာတ်လမ်းကို တွေ့မြင်ရမှာပါ
ထို့ပြင် ငယ်ငယ်တည်းက ဘဝနာခဲ့တဲ့ ဒုအရာခံဗိုလ်လေး ဆိုးဒယ်ယောင်း နဲ့ ဗိုလ်မှူးချုပ်ကြီး သမီးဖြစ်တဲ့ စစ်ဆရာဝန်မလေး ယွန်မြောင်ဂျို တို့ရဲ့ ဘဝအခြေအနေမတူတဲ့ အချစ်ဇာတ်လမ်းကိုလည်း ခံစားရမှာဖြစ်ပါတယ်....
အပိုင်းတစ်မှာ Running Man မှ လီဂွမ်ဆူ ဧည့်သည် သရုပ်ဆောင်ထားပြီး
အပိုင်းနှစ်မှာ Shinee leader Owen က ဆရာဝန်လေးအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးကလည်းကောင်း မင်းသား မင်းသမီး တွေကလည်းကောင်းလို့ ကြည့်သင့်တဲ့
ဇာတ်လမ်းတွဲတစ်ခုပါလို့ ညွှန်းချင်ပါတယ်။ အခုတလောမှာ ကြည့်ရှုသူဦးရေ တရစပ်မြင့်တက်လာနေတဲ့
စီးရီးတစ်ခုဖြစ်ပြီး ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဒီကိုရီးယားဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံသားများ ကြည့်ရှုကြဖို့ တိုက်တွန်းထားပါတယ်။တရုတ်မှာတော့ ကြည့်ရှုသူဦးရေ မြင့်တက်လာမှုကြောင့် သတိပေးမှုတွေတောင်
ပြုလုပ်ထားတယ်လို့ ကြားသိရပါတယ်။

0 comments:

Post a Comment