The Transporter Refuelled (2015)
Rating : 5.2/10
Country : United State
Genre : Action, Adventure, Thriller
Cast : Ed Skrein , Ray Stevenson ,Loan Chabanol
Released Date : 2015
Duration : 1h 36min
ထရန်စပို့တာ ကားကို နောက်ကျစွာနဲ့ပဲ တင်ပေးလိုက်ပါတယ်။ နောက်ကျနေတဲ့ အကြောင်းရင်းကလဲ မင်းသားပြောင်းသွားတဲ့ အချိန်မှာ ကောင်းပါတော့မလားလို့ သံသယဝင်မိလို့ မကြည့်ဖြစ်တာကြောင့်ပါ။ ဒါပေမယ့် ကို AP Newschool ဘာသာပြန်ပြီးလာပေးလို့ ကြည့်မိလိုက်တော့မှ ကျေးဇူးတင်မိသွားပါတယ်။ တော်တော်လေးကို ကောင်းပါတယ်လို့ ပြောရပါမယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထုံးစံအတိုင်း ပို့ဆောင်ရေးသမားကြီး လူပေါင်းမှားတာပါပဲ။ ဒီတစ်ခါ မှားပေါင်းမိတာကတော့ ၁၂ သမီးကတည်းက ပြည့်တန်ဆာအဖြစ်ရောင်းစားခံရပြီး သေမှလွတ်လပ်တော့မယ့် ဘဝရောက်နေတဲ့ မိန်းကလေး ၄ ယောက်က ရုရှားဒုစရိုက်ခေါင်းဆောင်ကြီးကို အပြုတ်ပြန်တွယ်မယ့် အစီအစဉ်မှာပါမိတာပါ။ ဒါကို သူကရှောင်ထွက်ချင်ပေမယ့် သူရဲ့ အဖေ အငြိမ်းစား စပိုင်ကြီးကို ဖမ်းပြီးအကြပ်ကိုင်တဲ့အတွက်ဝင်ပါရပါတော့တယ်။ ဒီဇာတ်ကားကို ကြိုက်မိတာကလဲ သူ့ရဲ့ အဖေနေရာက သရုပ်ဆောင်တဲ့ မင်းသားကြီးရဲ့ ပံ့ပိုးမှုကလည်း အတော်ကောင်းနေတာလဲ ပါပါတယ်။ သူတို့ သားအဖ ၂ ယောက်ဟာ ကောင်မလေး ၄ ယောက်တို့နဲ့ ထိပ်သီးလူဆိုးတွေနဲ့ ကြားထဲမှာ ဘာကြောင့်ပါလာပြီး ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ……….
0 comments:
Post a Comment