Season (1) - 3 Episodes
Season (2) - 4 Episodes
Season (3) - 6 Episodes
Season (4) - 6 Episodes
Season (5) - 3 Episodes
Rating : 8.8/10
Country : United State
Genre : Science Fiction, Satire, Psychological thriller, Dystopia, Anthology series
Cast : Various Artists
Released Date : 2011 - Ongoing
ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွဲအကြောင်းပါ။ British Anthology series ဖြစ်တဲ့ Black Mirror ဟာ ခုထိ Season 5 ခုရှိပါတယ်။ ဒါပေမဲ့ Episode 1 ခုကို ဇာတ်လမ်းတစ်ပုဒ်၊ ဒါရိုက်တာ တစ်ယောက်၊ သရုပ်ဆောင် တစ်ဖွဲ့ ဆိုပြီး သီးသန့်သွားတာပါ။ အတွဲလိုက်အရှည်ကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ episode တွေတစ်ခုချင်းစီမှာ ဆင်တူတာကတော့ ဇာတ်လမ်းအားလုံးက လူတွေရဲ့ သဘာဝနဲ့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ရဲ့ နည်းပညာတွေကြား ဖြစ်လာနိုင်တဲ့ ကောင်းကျိုးဆိုးကျိုးတွေကို တွေးစရာလေးတွေဖြစ်အောင် ရိုက်ပြထားတာပါ။
ဥပမာ လူတွေက digital ခေတ်ကြီးမှာ ဒီ virtual life တွေ၊ digital currency တွေ၊ social media ပေါ်က digital like တွေထဲမှာ ကျွန်တွေဖြစ်နေပြီး ဘယ်လိုပဲ လွတ်မြောက်ဖို့ လုပ်လုပ် မလွတ်မြောက်နိုင်ဘဲ ဒီထဲမှာပဲ သိသိကြီးနဲ့ ပျော်မွေ့နေတာမျိုးကိုပြသွားတယ်။ ဒီနေ့ခေတ် cloud storage တွေမှာ ကိုယ့် video တွေ photo တွေကို သိမ်းထားလို့ရနေပြီမလား။ ဒီလိုပဲ တကယ်လို့ ကိုယ်မြင်ရသမျှ ကြားရသမျှဟာတွေကို online storage မှာ တစ်သက်လုံး တင်ထားပြီး အဲဟာတွေကို ကိုယ့်မိတ်ဆွေ သူငယ်ချင်း မိသားစုတွေနဲ့ အချိန်မရွေး အလွယ်တကူ share လုပ်လို့ရပြီဆိုရင်ကော..။ အရမ်းကောင်းလာမယ်ဆိုပေမဲ့ ဘာတွေဖြစ်လာနိုင်သလဲ။ နည်းပညာက perfect ဖြစ်နေပေမဲ့ သုံးနေတဲ့လူသားတွေကရော perfect ဖြစ်ရဲ့လား။
ဒီဟာလေးတွေက တော်တော်လေး ပေါ်ယံတွေးစရာလေးတွေပဲ ပြောပြထားတာဖြစ်ပြီး တကယ့် ရုပ်ရှင်မှာတော့ အများကြီး တွေးစရာတွေ၊ သံဝေဂ ရစရာတွေ တော်တော်ပြသွားတယ်။ ဥပမာ Million Merits ကြည့်ပြီးတော့ တစ်နေကုန် ကွန်ပြူတာရှေ့ထိုင် အချိန်ကုန်နေတဲ့ ကိုယ့်ကိုယ်ကို တရားရပြီး အပြင်ထွက် စာအုပ်လေးဘာလေးဖတ်၊ ရှုခင်းလေးဘာလေးကြည့်တာမျိုး လုပ်ဖြစ်သွားတယ်။ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလို အပိုင်းတွေ တစ်ခုနဲ့တစ်ခု topic တွေ story တွေ မတူတဲ့အတွက် အားလုံး အရမ်းကောင်းပြီး အရမ်း deep ဖြစ်တယ်လို့တော့ မဖြစ်ပါဘူး။ တချို့အပိုင်းတွေဆို မိုက်တယ်ဆိုရုံလောက်ပဲရှိတာမျိုး ပါပါတယ်။ ရိုက်ချက်တွေ သရုပ်ဆောင်ချက်တွေက အများစုကောင်းတယ်ဆိုပေမဲ့ Series ဆိုတော့ series လောက်ပဲ ရှိတာများတာပေါ့။ CGI အရမ်းကောင်းတာတွေမပါဘူး၊ location တွေအများကြီးမပါဘူး။ သူ့ဇာတ်လမ်းအရ ဒီ အခန်းထဲမှာပဲ တစ်ကားလုံးဖြစ်သွားသလို ဒီ တစ်အိမ် နှစ်အိမ်နဲ့လည်း ဖြစ်သွားတာတွေပါ။
Black Mirror က ပေါ့ပေါ့ပါးပါး ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းတွဲတော့ မဟုတ်ပါဘူး။ ဇာတ်လမ်းအများစုက လူတွေနဲ့ လူတွေရဲ့ ဖြစ်နေတဲ့ အားနည်းချက်တွေ၊ အမှားတွေကို ပြတာတွေဖြစ်နေလို့ အလုပ်က ပင်ပင်ပမ်းပမ်း ပြန်လာလို့ အမောပြေကြည့်မယ်ဆို အဆင်မပြေပါဘူး။ အေးဆေး အချိန်လေးပေးပြီး ကြည့်ချင်သူ၊ ဝုန်းဒိုင်းကြဲ fast paced ကားတွေထက် ဇာတ်လမ်းကောင်းကောင်း ပိုကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ series တစ်ခုပါ။

0 comments:
Post a Comment