Season (1) - 10 Episodes
Season (2) - 10 Episodes
Rating : 7.8/10
Country : United State
Genre : Thriller, Psychological thriller, Crime Fiction
Cast : Penn Badgley, Elizabeth Lail, Luca Padovan
Released Date : 2018 - Ongoing
ဂျိုး က စာအုပ်အရောင်းဆိုင်က သာမန် ဝန်ထမ်းလေးပါ
သူလုပ်တာဆိုလို့ စာဖတ်တာရယ် စာဖတ်ချင်တဲ့သူတွေကို စေတနာထားတာရယ် ပြီးတော့ ကောင်မလေး တစ်ယောက်ကို ချစ်မိတာရယ်ပေါ့… ဒီလိုဖြစ်လာတာကလဲ တစ်ရက်မှာ ကောင်မလေး တစ်ယောက် ဂျိုး အလုပ်လုပ်နေတဲ့ စာအုပ်ဆိုင်ကိုလာတယ် ဒီကောင်မလေးကို ကြည့်တာနဲ့ ဂျိုး စိတ်ထဲ အားလုံးတွက်ချက်ပြီး အမူအကျင့် နဲ့ ဒီကောင်မလေး ဘာလိုချင်တယ် ဘာကို တွက်ဆ နေတယ်ဆိုတာ အကုန်သိပါတယ်
ဟုတ်ပါတယ် ဂျိုး က သာမန်တော့ သာမန်ပါပဲ ဒါပေမဲ့ ဉာဏ်ကြီးရှင်ပါ… အရာအားလုံးကို အကွက်ကျကျ စီစဉ်လေ့ရှိသူ ဖြစ်ပြီး လူတွေ ရဲ့ စိတ်ကို မှန်းဆပြီး ကစားရတာကို သဘောကျတက်တဲ့သူပေါ့….
သူ သဘောကျတဲ့ ကောင်မလေး နာမည်က ဘက်ခ် တဲ့ ဆင်းရဲတယ် ကျိုးစားတယ် မြှာပွေတဲ့ ရည်းစားတစ်ယောက်ရှိပြီး သူမ ကို မသိမသာ ရော သိသိသာသာပါ နှိမ်ပြီး လိုသုံးလုပ်တဲ့ သူငယ်ချင်းတွေလဲ ရှိသလို ကျောင်းစာမေးပွဲမှာ အမှတ်ကောင်းရဖို့ ဖားနေရတဲ့ ဆရာဖြစ်သူကလဲ ဘက်ခ် နဲ့ တစ်ညလောက် အိပ်ချင်နေတယ်….
ဂျိုး က တစ်ရက်လောက် ဘက်ခ် မသိအောင် အနောက်က လိုက်ကြည့်တယ် ဘက်ခ် ကိုယ်တိုင် မသိတဲ့ ဘက်ခ် ရဲ့ဘေးနားက လူတွေအကြောင်း အချိန်နည်းနည်းလေးနဲ့ အားလံုးကိုသိသြားတယ္… ဒီကောင်မလေးကို စိတ်ချမ်းသာစေချင်တယ် ဒီတော့ ဂျိုး ကတော့ ဘက်ခ် ဘေးက အသုံးမကျတဲ့ အသုံးမလိုတဲ့ အပိုအလိုတွေကို ရှင်းပစ်ဖို့ စာရင်းစာအုပ်ထဲ စ မှတ်လိုက်ပါပြီ အဲ့ဒီလူတွေက ဘယ်သူတွေ ဖြစ်မလဲ ဂျိုးကရော ဘာလုပ်မှာလဲ ဆိုတာ Netflix က ထုတ်လွှင့်ထားတဲ့ ၁၀ ပိုင်းထဲ ရှိတဲ့ You ဆိုတဲ့ TV Series ကို ဆက်လက်ကြည့်ရှုလိုက်ကြပါ

0 comments:
Post a Comment