The Punisher (2017-2019)

Season (1) - 13 Episodes
Season (2) - 13 Episodes

Rating : 7.7/10
Country : United State
Genre :  Action Fiction, Crime Fiction
Cast : Josh Stewart as John Pilgrim, Floriana Lima as Krista Dumont, and Giorgia Whigham as Amy Bendix
Released Date : 2017-2019

DC မှာ Deathstroke လို အကြမ်းစား anti-hero ရှိသလို Marvel မှာလည်း The Punisher ရှိပါတယ်။
Punisher Series ကို Netflix ကနေ ရိုက်ကူးထားပြီး The Walking Dead မင်းသားတစ်လက်ဖြစ်တဲ့ Jon Bernthal က Punisher အဖြစ် သရုပ်ဆောင်ထားပါတယ်။
(သတိပေးချက် – ဒီ Series ဟာ TV-MA အမျိုးအစား ဖြစ်တာမို့လို့ တစ်ချို့နေရာမှာတွေမှာ အနည်းငယ်ကြမ်းတဲ့ ပြကွက်လေးတွေပါလာတာမို့လို့ ကလေးတွေအနေနဲ့
မိဘရဲ့ခွင့်ပြုချက်မရပဲမကြည့်သင့်ပါဘူး။ ဒါ့အပြင် action scene တွေကလည်း ကြမ်းလှတာမို့ နှလုံးရောဂါသည်တွေ မိန်းကလေးတွေအနေနဲ့ အနည်းငယ်သတိထားစေချင်ပါတယ်။)
Frank Castle ဟာ အာဖဂန်မှာ တာဝန်ကျခဲ့တဲ့ မရိန်းတပ်သားဟောင်းတစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့ Frank ရဲ့ မိန်းမနဲ့ကလေးတွေဟာ ကိစ္စတစ်ခုကြောင့် သတ်ဖြတ်ခံလိုက်ရပါတယ်။
မိသားစုကိုဆုံးရှုံးလိုက်ရတဲ့ Frank ဟာ လူသတ်သမားတွေကိုလက်စားချေရင်းနဲ့ Punisher ဖြစ်လာပါတော့တယ်။
သူ့မိသားစုဝင်တွေကို သတ်ခဲ့တဲ့လူတွေကို လက်စားချေအပြီးမှာ Frank တစ်ယောက် ဇာတ်မြှုပ်နေပါတော့တယ်။
ဒါပေမယ့် တစ်နေ့ Frank ဟာ သူအလုပ်လုပ်နေတဲ့နေရာမှာ ပြဿနာတစ်ခုဖြစ်သွားရင်းနဲ့ The Punisher ရဲ့ တည်ရှိမှုကို လူတစ်ချို့က သတိထားမိသွားပါတော့တယ်။
အဲ့ဒါဘယ်သူတွေလဲ? Frank ကရော သူ့မိသားစုအတွက် အပြည့်အဝလက်စားချေခဲ့ရရဲ့လား။
အာဖဂန်မှာ Frank ဘာတွေကြုံတွေ့ခဲ့ရသလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့…

0 comments:

Post a Comment