Carnival Row (2019-Ongoing)

Season (1) - 8 Episodes

Rating : 7.9/10
Country : United State
Genre :  Urban Fantasy, Neo-noir, Political Fiction, Steampunk
Cast : Orlando Bloom. as Rycroft Philostrate. Cara Delevingne. as Vignette Stonemoss. David Gyasi. as Agreus. Tamzin Merchant. as Imogen Spurnrose. Andrew Gower. as Ezra Spurnrose. Karla Crome. as Tourmaline. Indira Varma. as Piety Breakspear. Jared Harris. as Absalom Breakspear.
Released Date : 2019-Ongoing

Carnival Row ဇာတ်လမ်းတွဲကဆိုရင် GOT ကိုပြိုင်နိုင်မယ့် ဇာတ်လမ်းတွဲလားလို့တောင် ရုပ်ရှင်ချစ်သူတွေကြားမှာ ရေပန်းစားနေတာပါ။ ဒီဇာတ်လမ်းကိုရေးသားခဲ့တဲ့ Travis Bachem က ရုပ်ရှင်ချစ်သူတွေအတွက် အံ့ဖွယ်တွေပြည့်နှက်နေတဲ့ မှော်ကမ္ဘာအသစ်တစ်ခုကို ဖန်တီးပေးလိုက်တာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး။
ဒီဇာတ်လမ်းမှာ မှော်ပညာ စုံထောက် နိုင်ငံရေး ချစ်ခြင်းမေတ္တာစသည်ဖြင့် ဇာတ်ကွက်စုံလှပါတယ်။
ကာနီဗယ်တန်းလျား -အဲ့ရပ်ကွက်လေးက လူသားတွေနေထိုင်တဲ့ ဘာ့ဂ်ဆိုတဲ့ နိုင်ငံမှာရှိတာ။ ဒါပေမဲ့ အဲ့ကာနီဗယ်တန်းလျားမှာနေတာကတော့ နတ်သမီးနတ်သား(ပစ်)၊လူတစ်ပိုင်းဆိတ်တစ်ပိုင်း(ပါ့ခ်)နဲ့ တစ်ခြားမှော်ဆန်တဲ့သတ္တဝါတွေနေကြတယ်။ လူူတွေက သူတို့အားလုံးကိုစုပြီး ဖေး ဒါမှမဟုတ် ခရစ်ချ်တွေလို့ခေါ်တယ်။ သူတို့အဲ့တန်းလျားမှာ နေနေတာကို ဘာ့ဂ်တွေက တစ်ချို့ကလည်း လက်ခံတယ်၊ လက်မခံတဲ့သူတွေလည်းရှိတယ်။ သေချာတာကတော့ ဖေးတွေက လူတွေနဲ့တန်းတူအခွင့်အရေးတော့ မရပါဘူး။ သူတို့က အောက်ခြေသိမ်းအလုပ်တွေ လုပ်ကြရပြီး ချို့ချို့တဲ့တဲ့နေရပါတယ်။ အဲ့တော့ ဖေးတွေကဘာလို့ ကာနီဗယ်တန်းလျားမှာ နေနေတာလဲ။
ဟိုးအရင်က ဖေးတွေဟာ တာနန်နော့လို့ခေါ်တဲ့ သူတို့တိုင်းပြည်မှာနေကြတယ်။ ဒါပေမဲ့ ပက်လို့ခေါ်တဲ့ လူသားတွေက သူတို့နိုင်ငံကို လာနယ်ချဲ့ခဲ့တယ်။ အဲ့အချိန်မှာ ဘာ့ဂ်တိုင်းပြည်ကလူသားတွေကတော့ ဖေးတွေနဲ့ မဟာမိတ်ဖွဲ့ခဲ့ပြီး ပက်တွေကိုကူတိုက်ပေးကြတာပေါ့။ ဒါပေမဲ့သူတို့စစ်ရှုံးခဲ့တယ်။ အဲ့တော့ ဘာ့ဂ်တွေလည်း ဖေးတွေကို ပက်တွေလက်ထဲမှာ ထားခဲ့ပြီး သူတို့နိုင်ငံကိုပြန်ကုန်ကြတာပေါ့။
ဖေးတွေခမျာ ဒုက္ခမျိုးစုံရောက်ခဲ့တော့ နောက်ဆုံးသူတို့နိုင်ငံကို စွန့်ခွာပြီး အရင်ကမဟာမိတ်ဖြစ်ဖူးတဲ့ ဘာ့ဂ်နိုင်ငံမှာ သွားခိုလှုံရတာပေါ့။ အဲ့လိုနဲ့ ကာနီဗယ်တန်းလျားကပေါ်ပေါက်လာတာပါ။
စစ်ပွဲအပြီး၇နှစ်အကြာမှာတော့ ဘာ့ဂ်ကိုရောက်လာတဲ့ ဒုက္ခသည်ထဲမှာ နတ်သမီးလေးဖြစ်တဲ့ ဗင်ညတ်လည်းပါလာပါတယ်။ သူမက စစ်ပွဲအတွင်းတုန်းက ဖိုင်လိုဆိုတဲ့ လူသားစစ်သားလေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ သူမက ဖိုင်လိုသေဆုံးသွားပြီလို့ထင်နေခဲ့တာ ဒါပေမဲ့ဖိုင်လိုက မသေသေးဘူး။
သူကအခုအချိန်မှာတော့ အရာရှိဖြစ်နေပြီး လူသတ်မှုတစ်ခုကို လိုက်စုံစမ်းနေတာပါ။
အဲ့တော့ဗင်ညတ်က ဖိုင်လိုသေပြီလို့ဘာလို့ထင်ခဲ့တာလဲ။
ဖိုင်လိုကရော ဗင်ညတ်ကိုဘာလို့ထားခဲ့လဲ။ သူတို့ကြားထဲကပြသနာတွေကို ညှိယူနိုင်မှာလား။ သူတို့မျိုးနွယ်မတူတဲ့ပြသနာကလည်းရှိသေးတယ်။ ပြီးတော့ ဖိုင်လိုလိုက်နေတဲ့ လူသတ်မှုကလည်း ဖေးတွေတစ်ယောက်ပြီး တစ်ယောက်သတ်ခံနေရတော့ အဲ့ဒါတွေက ဘယ်လိုပတ်သက်နေတာလဲ။ သူတို့ဘဝတွေက ဘယ်လိုဆက်နွှယ်နေမလဲ ဆိုတာ ဒီမှော်ကမ္ဘာသစ်ကြီးမှာ စီးမျောခံစားလိုက်ပါဦး။

0 comments:

Post a Comment