Rating : 6.4/10
Country : Spain
Genre : Drama, Thriller
Cast : Javier Gutiérrez, Mario Casas, Bruna Cusí
Released Date : 2020
Duration : 1h 43min
Country : Spain
Genre : Drama, Thriller
Cast : Javier Gutiérrez, Mario Casas, Bruna Cusí
Released Date : 2020
Duration : 1h 43min
ဂျာဗီယာ ဆိုတဲ့ ကြော်ငြာဒီဇိုင်းဆွဲသူဟာ အလုပ်ပြုတ်ပြီးနောက် အလုပ်တွေ ထပ်လျှောက်ရမှာ အဆင်မပြေလှပါဘူး။ အဲ့ဒီလိုနဲ့ နေနေတဲ့ အိမ်ကနေ ရွေ့ပြီး တိုက်ခန်းကျဥ်းလေးကို မိသားစုလိုက်ပြောင်းလာရပါတော့တယ်။ ဂျာဗီယာဟာ ယခင်အိမ်အဟောင်းရဲ့ သော့တူကို အိမ်ဖော်ဆီက ပြန်တောင်းထားခဲ့ပါတယ်။ အိမ်ကြီးကို စွဲလန်းလွန်းတဲ့ ဂျာဗီယာဟာ အိမ်ရှင်အသစ်တွေ မသိအောင် အိမ်ထဲ ခဏခဏခိုးဝင်ရင်း သူတို့ရဲ့ ဘဝထဲကိုပါ ဝင်ရောက်ဖို့ ကြိုးစားလာပါတော့တယ်။ အိမ်ရှင်အမျိုးသားရဲ့နောက်ကို တကောက်ကောက်လိုက်ရင်း ဂျာဗီယာတစ်ယောက် ပိုမိုလောဘတက်လာပါတယ်။ အိမ်ရှင်လင်မယားရဲ့ ပြဿနာတွေ စိတ်အနေအထားတွေကို နားလည်အောင်လုပ်ပြီး အိမ်ရှင် အမျိုးသားရဲ့ နေရာကို ဝင်ယူဖို့ ကြိုးစားတဲ့ ဂျာဗီယာ။ သူအောင်မြင်နိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေတွေ့ရမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ။

0 comments:
Post a Comment