Star Wars: Episode VII - The Force Awakens (2015)

Rating : 7.9/10
Country : United State
Genre :   Action, Adventure, Sci-Fi
Cast : Harrison Ford, Mark Hamill, Carrie Fisher
Released Date : 2015
Duration :  2h 18min

 စတားဝါးစ်တွေထဲက နောက်ဆုံးထွက် အပိုင်း(၇) ဇတ်ကား ရပါပြီခင်ဗျာ။ ဒီဇာတ်ကားမထွက်ခင် အရင်ကား ၆ ကားကို ပြီးသလောက် တင်သွားမယ်ဆိုပြီး လုပ်ခဲ့တာ ၃ ကားပဲ ရပါသေးတယ်။ ဒီတော့ မကြည့်ရသေးတဲ့ သူတွေကတော့ ပြန်ကြည့်ဖို့ လိုမှာပေါ့။ ကြည့်ပြီးသားလူတွေကတော့ ထခုန်ပြီး
ဒေါင်းလို့ရပါပြီဗျာ။
                   အရင် ၃ ကားတင်ထားပြီးပြီဆိုတော့ မတင်ရသေးတဲ့ ၃ ကားအတွက် အကျဉ်းလေး ပြန်ပြောပြပါ့မယ်။ အပိုင်း ၃ အဆုံးမှာ အနာကင် စကိုင်းဝေါကာ ဟာ ဒ့ါသ်ဗိတ်ဒါ ဆိုတဲ့ Sith ဖြစ်လာခဲ့ပြီး သူ့ဆရာ ဒါ့သ် စီးဒီးယပ်စ်က အင်ပါယာဖြစ်လာခဲ့ပါပြီ။ ပါ့ဒ်မီက တော့ အမွှာလေး ၂ ယောက်မွေးဖွားပေးပြီး
သေဆုံးသွားခဲ့ပါပြီ။
                    အပိုင်း ၄ ၅ ၆ မှာတော့ သူတို့ ၂ယောက်ရဲ့သား လုခ် စကိုင်းဝေါကာဟာ မာစတာ ယိုးဒါးနဲ့ မာစတာ အိုဘီ-ဝမ် တို့ရဲ့ သင်ကြားပေးမှုကြောင့် Jedi မျိုးဆက်သစ်ဖြစ်လာခဲ့ပါပြီ။ သူ့ညီမ ဖြစ်သူ
လိုင်ရာကတော့ တော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဖြစ်လာခဲ့ပြီး ဟန်ဆိုလို ဆိုတဲ့ မှောင်ခိုသမားတဖြစ်လဲ တော်လှန်ရေးအဖွဲ့ ဗိုလ်ချုပ်နဲ့ လက်ထက်ခဲ့ပါတယ်။ သူတို့ မောင်နှမ ၂ ယောက်နဲ့ ဟန်ဆိုလို တို့
ကြောင့် ဒါ့သ်စီးဒီးယပ်စ် ကျဆုံးသွားခဲ့ပြီး သူ့တို့အဖေလဲ သေဆုံးသွားခဲ့ပါပြီ။ Sith တွေရဲ့ Death Star လို့ခေါ်တဲ့ ဂြိုလ်ဖျက်လက်နက်ကြီးကိုလဲ ဖျက်ဆီးနိုင်ခဲ့ပါပြီ။
                 အခု အပိုင်း ၇ မှာတော့ အင်ပါယာ ကျဆုံးမှုအောက်ကနေ First Order ဆိုတဲ့ အဖွဲ့ကြီးထပ်မံပေါ်ပေါက်လာပြီး Sith တွေကပဲ ဦးဆောင်နေပြန်ပါတယ်။ အဲဒီချိန်မှာ လုခ် စကိုင်းဝေါကာက ပျောက်ဆုံးနေပြီး ညီမဖြစ်သူ ဗိုလ်ချုပ်လိုင်ရာဟာ အပူတပြင်းရှာဖွေနေပါတယ်။ ဒီလမ်းခရီးမှာ သူ့ရဲ့ အကောင်းဆုံး ပိုင်းလော့ထ် နဲ့ သစ္စာဖောက် မုန်တိုင်းတပ်သား တစ်ယောက်နဲ့ အမှိုက်ကောက်သမားလေးတစ်ယောက်တို့ တွေ့ဆုံပြီး ……………….

0 comments:

Post a Comment