Prisoners (2013)

Rating : 8.1/10
Country : United State
Genre : Crime, Drama, Mystery 
Cast : Hugh Jackman, Jake Gyllenhaal
Released Date : 2013
Duration : 2h 33min 

” ကျွန်​​တော်​တို့တ​တွေရဲ့ ဘဝ အဓိပ္ပါယ်​
ကျွန်​​တော်​တို့ တန်​ဖိုးထားမြတ်​နိုးရတဲ့
လူ​တွေကို ဆုံးရှုံးရတဲ့အခါ
ကျွန်​​တော်​တို့တကယ်​ပဲ
မ​ကောင်​းဆိုးဝါး တစ်​ပိုင်​းဖြစ်​သွားကြသလား”ဒီကားရဲ့ Main cast ​တွေက​တော့
Hugh Jackman နဲ့ Jake Gyllanhaalပါ။
သူတို့ ပါ​နေတာနဲ့တင်​ ဘာမှဆက်​ ညွှန်​းဖို့
မလို​လောက်​​အောင်​ပါပဲ။အ​ဖေဇာတ်​ရုပ်​​တွေနဲ့ အ​တော်​စားတဲ့ Hug Jackmanဟာ Logan တို့
Greatest Showman တို့
တို့မှာ အ​တော်​​လေး စျာန်​ဝင်​ခဲ့သလို
ဒီကားထဲမှာလည်​း သမီး​ပျောက်​လို့ ပူပန်​​နေရတဲ့
အ​ဖေတစ်​​ယောက်​အ​နေနဲ့
လုံးဝ Perfect ဖြစ်​ခဲ့ပါတယ်​။
Jake Gyllanhaal ရဲ့ ဟန်​ကလည်​း
အ​တော်​​လေး သ​ဘောကျစရာ​ကောင်​းတာကို
​တွေ့ရမှာပါ။မြို့က​လေးတစ်​မြို့မှာ ဖြစ်​လာမဲ့
အရာရာတိုင်​းအတွက်​ အသင်​့ပြင်​ထားရမယ်​ဆိုတဲ့
အ​တွေးအ​ခေါ်နဲ့ Keller(Hugh)ဆိုတဲ့
လူလတ်​တန်​းစားတစ်​​ယောက်​ ရှိ​ပါတယ်​။​
​ကျေးဇူး​တော်​​နေ့မှာ တစ်​ဖက်​လမ်​းက
အိမ်​ကို စား​သောက်​ပွဲတစ်​ခုသွားရင်​း
အိမ်​ရှင်​ရဲ့ သမီး​လေးနဲ့ Kellerအိမ်​ကို
ပြန်​သွားရင်​း Keller ရဲ့ သမီး​လေး
​ပျောက်​ဆုံးသွားပါတယ်​။လိုက်​သမျှ အမှု မ​အောင်​မြင်​တာ မရှိ​သေးတဲ့
စုံ​ထောက်​Loki (Jake) ဟာ ဒီအမှုကို
ကိုင်​တွယ်​ဖို့ ဖြစ်​လာခဲ့တယ်​။
သမီးအတွက်​ ကမူးရှုးထိုးဖြစ်​​နေတဲ့
Kellerရဲ့ အ​ဖေတစ်​​ယောက်​ရဲ့ ဘာမဆို
လုပ်​ရဲတဲ့သတ္တိနဲ့ သမီးကို ရှာ​ဖွေမှု​တွေ
ရဲ​ကောင်​း တစ်​​ယောက်​ဖြစ်​တဲ့
Jake ရဲ့ သမာသမတ်​ကျကျ ရှာ​ဖွေမှု​တွေနဲ့
ရှုပ်​​ထွေးလွန်​းတဲ့အမှုက တစ်​ကားလုံး
အဆုံးထိ ဆွဲ​ဆောင်​သွားပါလိမ်​်​့မယ်​။ဒီဇာတ်​ကားမှာ စုံ​ထောက်​ Loki ကယ်​ခဲ့တဲ့
လူ၂​ယောက်​ကို ကယ်​တဲ့ အခန်​းလုံးဝ
မပြသွားခဲ့ပါဘူး… ဒီနည်​းနဲ့ပဲ အဆုံးသတ်​မှာ တစ်​စုံတစ်​ရာကို
သ​ဘော​ပေါက်​​စေခဲ့တဲ့ ဒါရိုက်​တာရဲ့ Idea ကို မချီးကျူးလို့ မရပါဘူး။Genreက Crime,Drama,Mystery​ပေမဲ့
Hugh ရဲ့ သမီး​ဇောကပ်​ သရုပ်​​ဆောင်​မှု​တွေမှာ
Thriller ဆန်​ဆန်​ရသကိုလည်​း ခံစားရမှာပါ။Actor ​ကောင်​း​ကောင်​း
Acting ​ကောင်​း​ကောင်​း..
Plot twist ​ကောင်​း​ကောင်​း.
ဇာတ်​အိမ်​်​ခိုင်​လွန်​းပြီး
အဆုံးသတ်​ထိ တစ်​စက်​​လေးမှ
မှန်​းဆဖို့ မလွယ်​တဲ့ ကား​ကောင်​းတစ်​ကား
ရှာ​နေတယ်​ဆိုရင်​​တော့ “Prisoners”ဟာ
ကား​ရွေးမမှားမဲ့ ဇာတ်ကားပါပဲ။

0 comments:

Post a Comment