Peaky Blinders (2013-Ongoing)

Season (1) - 6 Episodes
Season (2) - 6 Episodes
Season (3) - 6 Episodes
Season (4) - 6 Episodes
Season (5) - 6 Episdoes

Rating : 8.8/10
Country : United State
Genre :  Drama, Thriller, Crime, Historical Fiction
Cast : Cillian Murphy, Helen McCrory, and Paul Anderson
Released Date : 2013-Ongoing

"လူတစ်ယောက်ကို တခါခွင့်လွှတ်ပေးလိုက်ရင်
အဲ့လူက အလုံးအရင်းနဲ့ နောက်တခါတက်လာလိုက်မယ်။
အခွင့်ရှိတုန်း တခါတည်း
အမြစ်က ဖျက်ချလိုက်မှရမယ်။
ငါတို့ သူတို့ ဘားတွေ ကလပ်တွေကို သိမ်းတယ်။
ဘာလို့သိမ်းလဲ ?
သိမ်းနိုင်လို့သိမ်းတယ်"
(သောမက်စ် ရှဲလ်ဘီ)
----------
#ဇာတ်လမ်း
၁၉၁၈ အကုန်ပိုင်းမှာ ပထမ ကမ္ဘာစစ်ကြီးပြီးလေရဲ့။
ပြင်သစ်ကို စစ်တိုက်ပြီး အသက်ရှင်တဲ့ အင်္ဂလန်စစ်သားတွေကတော့ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လာခဲ့ပြီ။ ဒီထဲမှာ ရှဲလ်ဘီမိသားစုက ညီအစ်ကို သုံးယောက်ဟာလည်း သူတို့မြို့ဖြစ်တဲ့ ဘာမင်ဂမ်ကို ပြန်လာပါတယ်။ သူတို့မရှိတဲ့အချိန်မှာ မိသားစု စီးပွားရေးဖြစ်တဲ့ မြင်းလောင်းပွဲ အသေးလေးတွေကို အမျိုးသမီးတွေက စီမံနေခဲ့တယ်။ ရသလောက်နဲ့ တင်းတိမ် ရှိတာနဲ့ အဆင်ပြေနေခဲ့တယ်ပေါ့။
စစ်ကြီးလည်းပြီးတော့ ညီအစ်ကို သုံးယောက်ရောက်လာပြီး မိသားစု စီးပွားရေးကို လက်လွှဲယူခဲ့တယ်။ ဒီထဲမှာ အဓိက အရေးကြီးတာက သောမက်စ်ရှဲလ်ဘီဆိုတဲ့သူ။ သူဟာ ညီအစ်ကိုထဲက အလတ်ကောင်။
ရှဲလ်ဘီမိသားစုမှာ ခန္ဓာကိုယ်ကြီးဆို သောမက်စ်ဟာ ဦးနှောက်ဆိုလည်းဟုတ်တယ်။ နှလုံးသားဆိုလည်း ဟုတ်တယ်။ စစ်ကြီးအပြီး သွေးဆာနေတဲ့ယောက်ျားတွေ ချယ်လှယ်တဲ့ စီးပွားရေးလောကထဲမှာ သောမက်စ်သာမရှိရင် ရှဲလ်ဘီမိသားစုကြီး ဒေဝါလီခံသွားနိုင်တယ်ပေါ့။
သောမက်စ်ဟာ အမြင်ရှိတယ်။ အကွက်မြင်တယ်။ ကံတရားရဲ့ ဖေးမမှုကိုရတယ်။ ကွန်မြူနစ်တွေ သောင်းကျန်းတဲ့ ၁၉၁၉ ဘာမင်ဂမ်မှာ သောမက်စ်ဟာ မတော်တဆမှားပြီး စစ်လေနက်တွေ အပြည့်တင်ထားတဲ့ သေတ္တာကြီးတစ်ခုကို ရခဲ့တယ်။
ဒီဟာကေန စတာပါဘဲ။
အကွက်မြင်တဲ့ သောမက်စ် ရှဲလ်ဘီဟာ သေတ္တာတစ်ခု အရင်းပြုလို့ ရှဲလ်ဘီ မိသားစု စီးပွားရေးကို ချဲ့ထွင်ပါတော့တယ်။
ဒီ Series မှာ Season 4 ခုပါပါတယ်။ တစ်ခုကို တစ်နာရီကြာတဲ့ အပိုင်း ၆ ပိုင်းနဲ့ Season လေးခုပေါ့။
Season ၁ မှာ သောမက်စ်ဟာ မြင်းပွဲ အနည်းငယ်သာ ချုပ်ကိုင်ခွင့်ရရာကနေ ဘာမင်ဂမ်ရဲ့ အကြီးဆုံး မြင်းလောင်းရုံကြီးကို သိမ်းပိုက်ဖို့ကြံပါတော့တယ်။
ဒုတိယ Season မှာတော့ သောမက်စ်ဟာ လန်ဒန်ကို စီးပွားချဲ့ပါတော့တယ်။ ဒီကနေ တဆင့် အင်္ဂလန် အဲ့ကတဖန် ကမ္ဘာအနှံ့ပေါ့။ တခြား season တွေလည်း အဲ့လို တိုးချဲ့တာပေါ့။
---------
#Review
ဒီဇာတ်ကားကို Steven Knight ကရေးပေးထားတာပါ။ Steven ရဲ့ အမေဟာ ၁၉၁၉ ဘာမင်ဂမ်မှာရှိနေပြီး အသက် ၂၀ ဝန်းကျင်ပေါ့။ နောက် သူမဟာ မြင်းလောင်းတဲ့ဒိုင်မှာ စာရင်းကိုင်တစ်ယောက်။ စတီဗင်ဟာ ငယ်ငယ်ကတည်းက သူ့အိပ်ယာဝင်ပုံပြင်တွေဟာ ၁၉၁၉ ဘာမင်ဂမ်ကို အခြေခံတယ်။ သူ့ငယ်ငယ်ကတည်း အဲ့က ဂိုဏ်းစတားပုံပြင်တွေနဲ့ အကျွမ်းဝင်ပြီးတား။ အခုတော့ သူ့ရဲ့ ပုံဖော်မှုဟာ ၁၉၂၀ ဗြိတိန် ဆင်ခြေဖုန်းကို ပုံဖော်မှုတွေထဲမှာ အကောင်းဆုံးနဲ့ လက်ရာ အမြောက်ဆုံးအဖြစ် သတ်မှတ်ခံထားရတာ မဆန်းပါဘူး။
ဂိုဏ်းစတားရုပ်ရှင်တွေ မျက်နှာ မမဲ့ဘဲ ကြမ်းတဲ့ လူမိုက်တွေ သွေးဒဏ်ရဲရဲတွေကို ၂၀ ရာစုအစောပိုင်း အင်္ဂလန်ရဲ့ အကောင်းဆုံး စက်တင်တွေ အကောင်းဆုံး နောက်ခံတေးသီချင်းတွေကို အထာကျတဲ့ ဆက်စ် Scenes တချို့နဲ့ပေါင်းလိုက်ရာမှာတော့ Peaky Blinders ဆိုတာဖြစ်လာပါတော့တယ်။
Peaky Blinders ဆိုတာကတော့ ရှဲလ်ဘီမိသားစု စီးပွားရေး မအောင်မြင်ခင်က ရပ်ကွက်တွင်းက နာမည်ပေါ့။ သူတို့ဟာ ဂါရစ်ဆန်လို့ခေါ်တဲ့ အရက်ဆိုင်ကို စောင့်ရှုပ်နေသူတွေ အဆင့်ကနေ ဝင်စတနချာချီနဲ့အတူ စီးပွားရေးတူတူလုပ်သူတွေ အထိဖြစ်လာပါတော့တယ်။
ပထမဆုံး ပြောရရင်တော့ ဒီဇာတ်ကားဟာ ကျနော့်အတွက်တော့ GOT ပြီးရင် စိတ်ဝင်စားစရာ အကောင်းဆုံးပါဘဲ။ သူတို့ရဲ့ ဆေးလိပ်အငွေ့တိုင်းဟာ ရင်သပ်စရာကောင်းတယ်။ ဒါပြီး နောက်ဘာလာမလဲဆိုတာ တွေးမရဘူး။ သောမက်စ်ရဲ့ ခေါင်းထဲဝင်ကြည့်ရင်လည်း အထင်နဲ့ အမြင် တလွဲကြီးတွေ ထွက်ထွက်လာမယ်။ ဒါဟာ ဒီဇာတ်ကားရဲ့ အနှစ်ပါဘဲ။
မကောင်းတာ တစ်ခုကိုပြောရမယ်ဆိုရင်တော့ ဇာတ် အထနှေးတာပါဘဲ။ Pilot ဆိုတဲ့ အပိုင်းကလေးမရှိဘူး။ ဒီတော့ ပထမ EPISODE ပြီးရင်လည်း ဇာတ်ရည်လည်မှာ မဟုတ်သလို အရသာတွေ့မှာမဟုတ်ဘူး။ ဒီတော့ ၂ပိုင်း ၃ပိုင်းလောက်ကြည့်ပြီးမှ အရသာတွေ့လာပါလိမ့်မယ်။ ဒါပြီးရင်တော့ မျက်စိအရှေ့ကခွာချင်တော့မှာ မဟုတ်ပြန်ပါဘူး။
အဓိက ညွန်းချင်တဲ့ သရုပ်ဆောင်ကတော့ တစ်ယောက်ဘဲရှိပါတယ်။ အဲ့တာကတော့ Cillian Murphy ပါဘဲ။ သောမက်စ် ရှဲလ်ဘီအဖြစ်သရုပ်ဆောင်တဲ့ သူ့ကို ပရိသတ်တွေအနေနဲ့ Dark Knight ဇာတ်ကားတွေထဲမှာ Scarecrow အဖြစ်သိကြပါလိမ့်မယ်။ သူဟာ သောမက်စ် ဇာတ်ကောင်အတွက် အပိုအလိုမရှိဘူး။ ပီပြင်လွန်းတယ်။ သူ့ငြိမ်းခြောက်သံတွေဟာ မျက်နှာ မရွဲ့ဘူး မျက်နှာ မမဲ့ဘူး ဒါပေမယ့် သရုပ်ဆောင်နေတယ်မှန်း သိရက်နဲ့တောင် ကြောက်စရာကောင်းတယ်။ ဆေးလိပ်ကို ဟန်ပါပါသောက်လိုက်တိုင်းမှာ သူဟာ ဘယ်နေရာကို စီးပွားချဲ့တော့မလဲဆိုတာကို လိုက်တွေးကြည့်မိတဲ့အထိ သူ့နေရာဟာ သူနဲ့လိုက်လွန်းတယ်ဆိုရမယ်။
Season 2 မှာတော့ Tom Hardy ပါလာခဲ့တယ်။ ဒါပေမယ့် သူ့ဟာ တခါတရံမှသာပါတဲ့ အရံနေရာမျိုးပါဘဲ။
အချုပ်ပြောရရင်တော့ ပစ်ချက် မတွေ့မိတဲ့ ဒီဇာတ်ကားဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားက အမှောင်ကာလကို မီးထွန်းပေးတဲ့ ပုံဖော်မှုကြီး တစ်ခုပါဘဲ။
Netflix မှာ ကြည့်လို့ရတာမို့ အခုဘဲ ဖွင့်ကြည့်လိုက်လို့ရပါတယ်။ နောက်တစ်ခုက လူဆိတ်ငြိမ်တဲ့အခါမှာကြည့်ပါ။ နောက်ခံသီချင်းတွေ တီးလုံးတွေဟာ တန်ဖိုးရှိလွန်းတယ်။ စက်တင်အပြင်အဆင်တွေဟာ သေသပ်လွန်းတယ်။
အရသာခံကြည့်ပါလို့ ပြောလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်။

0 comments:

Post a Comment