Ocean's Twelve (2004)

Rating : 6.5/10
Country : United State
Genre : Crime, Thriller
Cast :George Clooney,Brad Pitt,Catherine Zeta-Jones
Released Date : 2004
Duration : 2h 5min

George Clooney ၊ Brad Pitt ၊ Matt Damon ၊Don Cheadle ၊ Bernie Mac ၊ Julia Roberts ၊ Catherine Zeta‑Jones တို႕လိုနာမည်ကြီး မင်းသားမင်းသမီးတွေအပြင် တခြား နာမည်ကျော် သရုပ်ဆောင်များစွာလဲ ပါဝင်ထားလို့ ဒိတ်ဒိတ်ကြဲတွေကို တစ်ချိန်တည်းမြင်တွေ့ရမယ့် ဇာတ်ကားပါ၊ကဲ Ocean 11 ရဲ့ နောက်ဆက်တွဲ Ocean 12 ပါဗျား…
2004 ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ဒါရိုက်တာနဲ့ ထုတ်လုပ်သူကတော့ ပထမဇာတ်လမ်းက ပုဂ္ဂိုလ်များပဲဖြစ်ပါတယ်။ဆုတံဆိပ် ၂ ခုနဲ့ စံကာတင်စာရင်း ၈ ခု ဝင်ခဲ့ပါတယ်။ Rating တွေနဲ့ ဆုပိုင်းမှာ အနည်းငယ် လျော့သွားတာကိုတော့ သတိထားမိမယ် ထင်ပါတယ်ခင်ဗျ။ဒါပေမယ့်လည်း ဒီလို အလှည့်အပတ်ဇာတ်လမ်းလေးတွေကိုမှ ကြိုက်သူတွေအတွက်ကတော့ Mr.Bean ရဲ့ ဝက်ဝံရုပ်ပါပဲဗျာ….LA က ကာစီနိုတွေကို တစ်ညတည်းနဲ့ ဖြောင်ခဲ့အပြီးမှာတော့ Danny Ocean (George Clooney) နဲ့ သူ့အဖွဲ့ဟာ ပြဿနာအကြီးစားကြီးကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရပါပြီ။အဲဒါကတော့ LA သမိုင်းမှာ အကြီးစားလုယက်မှုအဖြစ် တမ်းဝင်သွားခဲ့ပေမယ့်လည်း သူတို့အဖွဲ့သားတွေဟာ ခိုးလာတဲ့ ပိုက်ဆံတော်တော်များများကို သုံးဖြုန်းပစ်လိုက်မိပါပြီ။ ကာစီနိုသူဌေး Terry Benedict (Andy Garcia) က သူ့ငွေတွေ ဆုံးရှုံးသွားတဲ့အတွက် ဒေါသူပုန်ထလို့ မပြီးနိုင် သေးပါဘူးခင်ဗျ။ဒီတော့ကာ Ocean အဖွဲ့ကို သူ့ပိုက်ဆံတွေအပြင် နောက်ထပ် million နည်းနည်းလောက် ထပ်ဆောင်းပေးဖို့ တောင်းဆိုလို့လာပြန်ပါတယ်။ ပြောရရင်တော့ ပေးမလား Jail မလားပေါ့ဗျာ။ဒီမှာတင် အကုန် အကြပ်ရိုက်ကုန်ကြပြီ။ ခြူးကလည်း တစ်ပြားမှ ပြန်မထုတ်နိုင်ဆိုတော့ တစ်ဖွဲ့လုံး နောက်ထပ်ဂွင်ဖန်ရင်ကောဆိုတဲ့ စိတ်တွေရောက်သွားကြပါတယ်။ဒီတစ်ခါကတော့…. ဟဲ ဟဲ ဟဲ ဥရောပတစ်ခွင် ဗြန်းဗြန်းဆင်ပေါ့ဗျာ…။

0 comments:

Post a Comment