Kick-Ass 2 (2013)

Rating : 6.5/10
Country : United State
Genre : Action, Adventure, Comedy
Cast : Aaron Taylor-Johnson, Chloë Grace Moretz,Morris Chestnut
Released Date : 2013
Duration : 1h 43min


ဒီ Hero ကားလေးကိုတော့ အားလုံးနဲ့မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်…၂၀၁၀ ကထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့ ၃ နှစ်အကြာမှာပြန်လည်ထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်…နောက်ပြီးတော့ ဒီ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့Kick Ass 1 မွာ ပါ၀င္ခဲ့တဲ့ Red Mist ဟာ
Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ…( သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ…ဘာလို့လဲဆိုတော့ သူ့အမေကိုသူမတော်တဆသတ်မိလိုက်လို့တဲ့ဗျာ….)သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်…သူ႕အေဖကို ဘစူကာၾကီးနဲ႕မညွာမတာပစ္သတ္ခဲ့တဲ့ Kick Ass ကိုမသေမချင်းပြန်သတ်ဖို့ပါပဲ…ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ…ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်းမျက်နှာဖုံးဝတ်တော့တာမဟုတ်ပါဘူး…Kick Ass 1 မှာတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုကသူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှု့တွေကိုလိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ…သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး…ဒါပေမယ့် သူတို့ရဲ့စံပြကြီးKick Ass လိုမျိုးမျက်နှာဖုံးတပ်လိုက်တာနဲ့ သူတို့ကိုယ်သူတို့အားအင်တွေရှိလာကြမယ်ဆိုတာ သူတို့ကိုယ်တိုင်ယုံကြည်နေကြလို့ပါ….(သူရဲကောင်းဆိုတာလက်ရုံးရည်မရှိလည်း နှလုံးရည်ရှိလည်းရတယ်ဆိုသလိုပေါ့..)နောက်ပြီးတော့ Kick Ass 1 မှာ ၁၃ နှစ်သာသာပဲရှိနေသေးတဲ့ လူကြမ်းမလေးHit Girl ကတော့ သူ့ရဲ့အဖေ Big Daddy သေဆုံးပြီးနောက်ပိုင်းမှာဦးလေးရဲ့အုပ်ထိန်းမှု့အောက်မှာကြီးပြင်းလာရင်း သတ်ဖြတ်မှု့တွေကိုတတ်နိုင်သလောက်ရှောင်နေခဲ့ပါတယ်….ဒီကားမှာတော့ Hit Girl လေး အသက်ကြီးလာပြီဖြစ်လို့တော်တော်လေးကိုချောနေတယ်ဆိုတာ ငြင်းမရပါဘူး…ဒါဆိုရင် ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး Kick Ass ကော…..Kick Ass ကတော့ ထုံးစံအတိုင်းပဲ တုတ်ကလေးနှစ်ချောင်းကိုကိုင်ပြီးလူသားတွေကို  ဘာမှမရပဲလိုက်လံကာကွယ်ပေးနေတုန်းပါပဲ…သူရတာတွေကတော့ ကွဲပြဲ ဒဏ်ရာတွေပါပဲ….သူရဲကောင်းတိုင်းမှာ စွန့်လွှတ်မှု့တွေအများကြီးရှိကြပါတယ်…ဒါပေမယ့် ဘာအမြတ်အစွန်းမှမပါပဲ အားလုံးရဲ့အကျိုးကိုလိုက်လံဆောင်ရွက်ပေးနေတဲ့Kick Ass ရဲ့စွန့်လွှတ်လိုက်ရတာကတော့ ဒီ Kick Ass 2 မှာအၾကီးမားဆံုးပါပဲ….အဆုံးထိပြီးအောင်ကြည့်ပေးကြပါ… 

0 comments:

Post a Comment