Rating : 8.2/10
Country : United State
Genre : Drama, Mystery, War
Cast : Mustafa Kamel, Hussein Sami,Rémy Girard
Released Date : 2010
Duration : 2h 11min
Country : United State
Genre : Drama, Mystery, War
Cast : Mustafa Kamel, Hussein Sami,Rémy Girard
Released Date : 2010
Duration : 2h 11min
သူမသေဆုံးသွားပြီးတဲ့နောက်မှာတော့ ရှေ့နေကြီးကသူရဲ့ သားသမီးဖြစ်တဲ့ အမွှာမောင်နှမ၂ယောက်ရှေ့မှာပဲဖွင့်ဖတ်ပြခဲ့ပါတယ်သူရေးခဲ့တဲ့သေတမ်းစာကသူများတွေသေတမ်းစာနဲ့မတူ တမူထူးခြား နေပါတယ်ထူးခြားတဲ့တောင်းဆိုချက်တွေထဲမှာမှ သမီးဖြစ်သူဂျန်မာဝမ်အတွက်စာအိတ်တစ်အိတ်ပေးပြီး အဖေဖြစ်သူကိုရှာပြီးအဲ့စာအိတ်လေးပေးပေးဖို့တောင်းဆိုခဲ့သလို သားဖြစ်သူစီမွန်မာဝမ်ကိုတော့ သူ့ရဲ့နောက်ထပ်အစ်ကိုဖြစ်သူကိုရှာပြီး ပေးဖို့စာအိတ်တစ်အိတ်ပေးခဲ့ပါတယ် သားအမိ၃ယောက်ထဲနေခဲ့ပြီးမှအေဖနဲ႕ေနာက္ထပ္အစ္ကိုလုပ္သူကိုရှာရတော့မယ်ဆိုတော့အကုန်လုံးကလက်မခံနိုင်စရာတွေဖြစ်ခဲ့ပါတယ်သို့သော်လဲ သချင်္ာပညာရှင် ဂျန်မာဝမ်ကပုစ္ဆာတစ်ခုကိုအရှင်းဆုံးပုံစံထိအဖြေရှာတတ်တဲ့သူဖြစ်တာကြောင့်မောင်လုပ်သူတားနေတဲ့ကြားက သူ့တာဝန်ဖြစ်တဲ့ အဖေဖြစ်သူကိုရှာပြီးစာအိတ်ပေးဖို့ခရီးစထွက်ပါတော့တယ် အဖေဖြစ်သူကိုရှာဖို့ကအမေရဲ့အတိတ်ကို မလွှဲအသေပြန် တူးဖော်ရတော့မှာဖြစ်ပြီးသူ့အမေရဲ့အတိတ်တွေကို သူတို့မောင်နှမတွေသိလာရတဲ့အခါမှာတော့..IMDb 8.2/10ရထားတဲ့ ဒီကားလေးကအေးအေးဆေးဆေးဇာတ်လမ်းကိုကြည့်ချင်တဲ့သူတွေအကြိုက်ဖြစ်မှာပါ ကျွန်တော်ကိုယ်တိုင်ကြည့်ပြီးတဲ့အခါရင်ထဲစို့နင့်သလိုလို ခံစားရပါတယ်အင်္ဂလိပ် ပြင်သစ်နဲ့ အာရေဗီဘာသာစကားသုံးထားတဲ့ဒီကားလေးကအကောင်းဆုံးနိုင်ငံခြားဘာသာစကားသုံးဇာတ်ကားအနေနဲ့ အကယ်ဒမီဆန်ကာတင် စာရင်းဝင်ခဲ့ပါတယ်…

0 comments:
Post a Comment