How I Met Your Mother (2005-2014)

Season (1) - 22 Episodes
Season (2) - 22 Episodes
Season (3) - 20 Episodes
Season (4) - 24 Episodes
Season (5) - 23 Episodes
Season (6) - 24 Episodes
Season (7) - 24 Episodes
Season (8) - 24 Episdoes
Season (9) - 24 Episdoes

English စာတန်းထိုး
Rating : 8.3/10
Country : United State
Genre :  Sitcom, Romantic Comedy
Cast : Neil Patrick Harris, Cobie Smulders, Josh Radnor, 
Released Date : 2005 - 2014

💖FRIENDS လား How I Met Your Mother လား ?💞
--------------
ဒီခေါင်းစဉ်ကြောင့် အချင်းချင်းစိတ်ဆိုးတဲ့လူတွေ ဆိုးကုန်ကြပြီ။ သူငယ်ချင်းခန်းပြတ်တဲ့သူတွေ ပြတ်သွားကြပြီ။ ဒီမေးခွန်းဟာ ဆယ်စုနှစ်တစ်ဝက်တိုင်တိုင် Forum တွေ Chatroom တွေသာမက တကယ့် သူငယ်ချင်းစကားဝိုင်းတွေ ကော်ဖီဝိုင်းတွေ ထမင်းဝိုင်းတွေမှာပါ ပလူပြန် မရေရာ မသေချာတာတွေနဲ့ ပြည့်နေတဲ့ မေးခွန်းပါ။
မေးခွန်းကတော့ အရှင်းကြီးပါ။
FRIENDS နဲ့ How I Met Your Mother ဘယ်ဟာက ပိုကောင်းတဲ့ Sitcom လဲ ? ပိုကောင်းတဲ့ Sitcomလဲ မဟုတ်ရင် အကောင်းဆုံး Sitcom ဟာ ၁၉၉၄ ကော်ဖီဆိုင်က FRIENDS လား ဒါမှမဟုတ် ၂၀၀၄ Bar က HIMYM လားပေါ့ ……… ။
Series ၂ခုလုံးဟာ Sitcom အမျိုးအစားတွေဖြစ်ပြီး Sitcom ဆိုတာကတော့ Situation Comedy ပေါ့။ ဇာတ်ကောင်အတည်တကျတွေဖြစ်ပေမယ့် အလယ်က တပိုင်းပိုင်းကို စကြည့်မယ်ဆိုရင်တောင် ဇာတ်လမ်းမရှုပ်ဘဲ ရသပေးနိုင်သေးတာမျိုးပေါ့။ Sitcom လောကမှာတော့ FRIENDS နဲ့ HIMYM ကို ဇာတ်အိမ်ပိုင်းရော ဇာတ်လမ်းပိုင်းရော ရသပိုင်းရောမှာ ယှဉ်နိုင်တာမရှိသလောက်ပါဘဲ။ ဒီခေတ်ပိုင်းမှာမှ BigBang Theory လို NEW GIRL လို Sitcom တွေထွက်ခဲ့ပြီး သူတို့အနေအထားနဲ့ သူတို့ကောင်းခဲ့ပေမယ့် ဟို Sitcom ၂ခုကို မယှဉ်နိုင်သေးတာတော့ အမှန်ပါ။
တကယ်တမ်း FRIENDS ရယ် HIMYM ရယ်တို့ကို အဓိကယှဉ်နေကြတာဟာ သူတို့ဟာ ဇာတ်လမ်းပိုင်းဟာ ခပ်ဆင်ဆင်လို ဖြစ်နေကြတာမျိုးပါ။ ဇာတ်လမ်း ၂ခုလုံးဟာ NewYork မြို့ထဲမှာ ကျဉ်လည်နေတဲ့ သူငယ်ချင်းတစ်စုကိုဘဲ အခြေခံထားတာဖြစ်ပါတယ်။
ဇာတ်လမ်းပေးပို့ပုံခြင်း ဇာတ်သွားဇာတ်လာနဲ့ ဇာတ်ကောင်အရေအတွက်သာ ကွာသွားကြပြီး တချို့ဇာတ်ဝင်ခန်းတွေဆို ဟာသပြက်လုံးတွေပါ ဆင်တူနေတာတွေ့ရပါတယ်။
FRIENDS ဟာ ၁၉၉၄ မှာစပြီး ၂၀၀၄ မှာ အဆုံးသတ်ပြီး HIMYM ဟာ ၂၀၀၅ မှာစပြီး ၂၀၁၄ မှာ အဆုံးသတ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ FRIENDS ဟာ နည်းနည်း အန်းဒိတ်ဆန်နေပြီး HIMYM ကတော့ နည်းနည်းခေတ်ဆန်သလိုဖြစ်နေပါတယ်။ဒါပေမယ့် တကယ်တမ်း Sitcom ချစ်သူတွေအတွက်ကတော့ ဒီ ဆယ်စုနှစ်နှစ်ခုဟာ တကယ့်ရသတွေနဲ့ပြည့်နေခဲ့မယ်ဆိုတာတော့ ငြင်းလို့ရမယ်မထင်ဘူးဗျ။ (ဤကား စကားချပ်  )
နောက်တခုအနေနဲ့ နှစ်ကားလုံးဟာ Laughter တွေပါနေတော့ အဲ့တာကို မကြိုက်တဲ့လူတွေအတွက်တော့ အဆင်မပြေဘူးဗျ။ Laughter ဆိုတာကတော့ နောက်ခံရယ်သံပေါ့။ ဒီနေရာမှာလည်း ဒီ Series ၂ခုက နှစ်မျိုးကွဲသွားပြန်ရော။ FRIENDS ဟာ Studio ထဲက Live Audience ရဲ့အရှေ့မှာဘဲ ရိုက်တာမို့ Laughter ဟာလည်း အစစ်ဖြစ်ပြီး သိပ် Edit လုပ်လို့မရပေမယ့် HIMYM ကတော့ Laughter တွေကို Edit လုပ်မှထည့်တာမို့ ပိုပြီး Edit လုပ်ချိန်ရသွားပါတယ်။
အခုထိတော့ Sitcom ၂ခုလုံးရဲ့အပေါ်ယံလေးတွေ ယှဉ်ပြခဲ့ပြီးမို့ နည်းနည်းအတွင်းထဲဝင်လိုက်ရအောင်ဗျာ …… ။
Sitcom နှစ်ခုလုံးဟာ ဟာသ Based ဆိုပေမယ့် Story တခုကို တင်ဆက်ပုံခြင်းကွာပြီး ဒါဟာလည်း ကြည့်ရှုသူအပေါ် သက်ရောက်မှုကြီးပါတယ်။ FRIENDS ဟာ Live Story ပုံစံဖြစ်ပြီး တကယ်ဖြစ်နေတာကို အချိန်တပြေးညီရိုက်ပြတာမျိုးဖြစ်ပြီး HIMYM ကတော့ Ted တစ်ယောက်ကို Based လုပ်ထားပြီး သူ့ရဲ့ Story ကို ပြန်ပြောတဲ့ Delay Story သဘောမျိုးရိုက်ပြထားတာမျိုးပေါ့။ ဒါဟာ အရမ်းကောင်းတဲ့ ပရိသတ်အားပေးနှုန်းမြင့်တဲ့ Series တွေအပေါ် သက်ရောက်မှုပြင်းတဲ့ အချက်မျိုးပါ။
သေချာတာကတော့ နှစ်ခုလုံးဟာ ချစ်စရာကောင်းတဲ့ Character တွေ အူလှိမ့်အောင် ရီရတဲ့ ပြက်လုံးတွေ မထင်မှတ်တဲ့ Twist တွေ ပေးချင်တဲ့ Message တွေနဲ့ပြည့်နေတဲ့ Sitcom တွေပါဘဲ။
Character ပိုင်းဆိုရင်လည်း ကြည့်နေရင်း သူတို့ Charm တွေထဲမှာ မျော်သွားနိုင်တဲ့ Character တွေပါဘဲ။
💖အရင်ဆုံး HIMYM ကိုပြောရမယ်ဆိုရင်
🤵Ted ရဲ့ မစွံနိုင်တဲ့ အချစ်လမ်းကြောင်း တချက်ချက် Nerd ထထဖြစ်တဲ့အခြေအနေ
💏💏 ပြီးတော့ Lily+ Marshall တို့ Couple ဆိုတာလည်း နားလည်မှုတွေနဲ့ပြည့်နေပြီး ချစ်စရာကောင်းလွန်းတဲ့ Couple မျိုးဖြစ်တဲ့အပြင် သူတို့ကြားထဲက ဟာသတွေဟာ တခါတခါမှာ Masterpiece တွေတောင်ဖြစ်သွားတာမျိုး။
🙆🙆Robin …… သူငယ်ချင်းအုပ်စုထဲကို Ted ရဲ့ကောင်မလေးအနေနဲ့ ဝင်လာပြီးမှ အမြန်အထိုင်ကျသွားတဲ့ ကနေဒီးယံလေးပေါ့။ သူ့ရဲ့ Strong Woman Level က Infinity ဖြစ်နေပြီး သူ့ရဲ့ Career နဲ့ အချစ် Life ကိုက Joke ဆန်နေတာဟာ ထူးခြားချက်တခုပါ။
🕴🕴Last but not Least BARNEY ……… ဘာနေဆိုတာဟာ HIMYM ကာရိုက်တာတွေကို နောက်ပိုင်း Season တွေမှာ အဓိကထိန်းသွားသူပါ။ HIMYM ကို အရိုးရှင်းဆုံးဝေဖန်ရရင် SEASON 5 လောက်မှာ ရပ်လိုက်သင့်တာပါ။ မရပ်တဲ့အခါမှာ ဖွာတာတာဆန်လာပြီး သိပ်ကြည့်မကောင်းတော့ပါဘူး။ ဒီလိုအချိန်မှာ HIMYM ကို အဓိက ထိန်းခဲ့တာ Barney ပါ။ သူ့ရဲ့ Perfect Week တွေ Playbook တွေဟာဘဲ HIMYM ရဲ့ နောက်ပိုင်း Season တွေကိုကယ်ခဲ့တယ်ဆိုရင် မမှားဘူးဗျ။ Barney လို Character ဟာ တစ်သက်တခါပေါ်လာဖို့ မလွယ်သလို သူ့ Character ကို NPH ကို သရုပ်ဆောင်ခိုင်းတာဟာလည်း Best Cast of the Century ပါဘဲဗျာ။💞💞
ဒီတဖက္မွာ 💖FRIENDS💖 …… သူတို့ကတော့ Character ၆ ယောက်ဗျ။
🤵🤵 Ross ဟာ မထင်ရင်မထင်သလို တလွဲလုပ်တတ်တဲ့ Nerd မျိုးပေါ့။ Lesbian နဲ့ မင်္ဂလာဆောင်တာမျိုးတွေ နောက်တော့ မင်္ဂလာဆောင်မှာ နာမည်မှားခေါ်တာမျိုးတွေ Divorce ကို အခါခါလုပ်လို့ Divorce ဆိုရင် သူ့ကိုဘဲ မြင်ယောင်လာတဲ့အထိကို ဗရုတ်ဆန်ပြီး တခါတခါကျတော့လည်း အရမ်းကို Nerd ဆန်သူမျိုးပေါ့။
💁💁 Monica …… Ross ရဲ့ အမဖြစ်တဲ့ မိုနီကာကို အနည်းကပ်ဆုံးမြင်အောင်ပြောရရင် ဇီဇာကြောင် အပျိုကြီးလိုပေါ့။ သန့်ရှင်းနေမှ သပ်ရပ်နေမှ သူ့အစီအစဉ်အတိုင်း အားလုံးဖြစ်နေမှ ဒါတင်မကသေး သူငယ်ချင်းအားလုံးကို အမြဲချက်ကျွေးနေရမှ သူကဘဲ ဧည့်ခံနေမှ တခြားသူတွေ သူ့နေရာကိုယူတာမျိုးမကြိုက်သူပေါ့။
👰👰 Rachel။ Rachel ဟာလည်း အဖွဲ့ထဲကို Monica သူငယ်ချင်းနေရာက နောက်ဆုံးဝင်လာတဲ့သူဖြစ်ပြီး အမြန်ဘဲ အဖွဲ့နဲ့ အထိုင်ကျသွားသူပေါ့။ သူ့ဟာ Rich Kid ဘဝကနေဆင်းလာပြီး သူ့ခြေနဲ့သူ ရပ်တည်ဖို့ကြိုးစားတာပေါ့။
👼👼 Phoebe။ ဖီဘီကတော့ ရှင်းရှင်းဆိုရင် အူကြောင်ကြောင်အနိုင်ဆုံးကောင်မလေးတစ်ယောက်။ အသည်းနုသလောက် စိတ်ဆတ်တဲ့ကောင်မလေး ပြီးတော့ ၃ခွန်းမှ ၁ခွန်းက အူကြောင်ကြောင် ပေါက်တတ်ကရထွက်တဲ့သူမျိုး။
🕺🕺 Chandler …… Chandler ဟာ Sarcasm နဲ့ပက်သက်ရင် တဖက်သားကို သရော်တာ လှောင်တာနဲ့ပက်သက်ရင် နှစ်ခါစဉ်းစားစရာမလိုတဲ့ ဦးနှောက်ပိုင်ဆိုင်ထားသူပါ။ အဲ့တာကြောင့်ဘဲ အခုထိ Chandler, King of Sarcasm ဆိုတဲ့ နာမည်ဟာကျန်နေသေးတာပါ။
🚶Joey …… Joey ဆိုတဲ့ ဇာတ်ကောင်လိုမျိုး ရုပ်ရှင်လောကမှာ နောက်တခုပြန်ပေါ်လာဖို့ဆိုတာမရှိပါဘူး။ သူဟာ အစားကြီးတယ် သူဟာပိန်းတယ် သူဟာထူတယ် သူဟာညဏ်နည်းတယ် သူဟာ ဟာသညဏ်မရှိဘူး ဒါပေမယ့် လုပ်ရပ်တိုင်းဟာ ဟာသဆန်နေတယ် ဒီထိတိုင်အောင်ပေါနေတာမျိုးလည်း မဟုတ်ဘူး။ စဉ်းစားသာကြည့်တော့ဗျာ။💖
ကဲ Character တွေကိုရှင်းပြပြီးပြီဆိုတော့ နည်းနည်းယှဉ်ကြည့်ရအောင်ဗျာ။
💘Ted Vs Ross - Ted ရယ် Ross ရယ် နှစ်ယောက်လုံးဟာ Genre တခုတည်းပါဘဲ။ အချစ်ရေးကံမကောင်းဘူး။ Nerd ဆန်တယ် ပြီးတော့ အချစ်ကိုတန်ဖိုးထားတယ်။ နောက် သူတို့ရူးတဲ့အရာတွေဖြစ်တဲ့ Ross တို့ ဒိုင်နိုဆောအကြောင်းတွေ Ted ဆို Architecture နဲ့ပက်သက်တာတွေကို ဘယ်သူမှ စိတ်မဝင်စားလည်း အရမ်းပြောပြချင်ကြတယ်။ ဒါပေမယ့်Ross ဟာ Ted ထက် နှာတဖျားသာသလိုခံစားရတယ်။ Ross ရဲ့ဟာသတွေဟာ ပိုပီပြင်တယ် ပိုပြီး ရင်ထဲရောက်ပြီး Ted ဟာ နည်းနည်း ပို Deep တယ်။ အရမ်း ဖီးလ်လွန်းတော့ တဖြေးဖြေး Cross ဖြစ်လာသလို ခံစားရတယ်ပေါ့။
💃💃Rachel Vs Robin - Rachel နဲ့ Robin ယှဉ်တာဟာ နည်းနည်းရူးနမ်းနမ်းဖြစ်သလိုဖြစ်ပေမယ့် ယှဉ်ရမှာဘဲ။ Rachel ဆိုတဲ့ ကောင်မလေးဟာ ဆယ်ကျော်သက်မိန်းကလေးတိုင်းရဲ့ Dreamtype မျိုးပေါ့။ လူတိုင်းဟာ သူ့လိုဖြစ်ချင်ကြတာဘဲ။ 💘ဒါပေမယ့် Robin ကျ အရမ်း Over ကြီးဖြစ်သလိုခံစားရတယ်။ Cigar ကြိုက်တာတွေ စိတ်ညစ်တဲ့အခါ သေနတ်ပစ်တာတွေ Whiskey သောက်တာတွေ လူကြမ်းဆန်တာတွေ ဒါတွေဟာ ဇာတ်နဲ့ မလိုက်ဖတ်သလိုခံစားရသလို တခါတခါမှ လုံးဝ ချောထွက်သွားသလို ခံစားရတယ်။
🕵🕵Joey/ Chandler Vs Barney - Joey နဲ့ Chandler Duo ဟာ Sitcom လောကအတွက်သာမက ရုပ်ရှင်လောကအတွက်ပါ အရမ်းကိုတွယ်ဖက်ညီခဲ့တဲ့ Duo မျိုးပါ။ သူတို့ရဲ့ စကားလုံးအသုံးပြုပုံ သူတို့နှစ်ယောက်ကြားထဲက သံယောဇဉ်တွေ Chemistry တွေ သူတို့နှစ်ယောက်တွဲဘဲဖြစ်ဖြစ် တစ်ဦးချင်းဘဲဖြစ်ဖြစ်လုပ်တဲ့ Joke တွေ Act တွေ အကုန်ဟာ တကယ်ကို MasterPiece မြောက်တဲ့ ပြကွက်မျိုးဆိုတာငြင်းလို့မရပါဘူး။ Chandler ရဲ့သရော်စကားလုံးတွေ Joey ရဲ့ ခပ်ဘွင်းဘွင်းဟာသတွေဟာ FRIENDS ကို ပရိသတ်တွေမှတ်မိစေတဲ့ အချက်ပါဘဲ။
🕴🕴 ဒီလိုဘဲ တဖက်မှာ Barney။ ဘာနေဟာလည်း HIMYM လို Sitcom ကို တစ်ယောက်ထဲသယ်နိုင်တဲ့ Character မျိုး။ သူ့ရဲ့ Joke တွေဟာ တခါတခါမှာ သိပ်မမိသလိုရှိပေမယ့် HIMYM ပရိသတ်တွေအတွက် Barney ဟာအသည်းဆွဲပါဘဲ။ သူ့ရဲ့ ကုတ်အင်္ကျီမချွတ်တာတွေ ညအိပ်ရင်တော့ Suit နေအိပ်တာတွေ နောက်တော့ BroCode တွေ Playbook တွေဟာ ပြင်ပမှာပါ စာအုပ်ထုတ်အောင်မြင်ခဲ့တဲ့ စာအုပ်တွေကို အသုံးပြုသွားနိုင်တာတွေဟာ Barney ဆိုတဲ့ Character ကြောင့်ဆိုတာ ငြင်းလို့မရပါဘူး။
💏💏Chandler + Monica Vs Marshall + Lily -- Couple တွေကို တိုင်းထွာမယ်ဆိုရင်တော့ သေချာပေါက် အနိုင်ပေးရမှာ Marshall နဲ့ Lily ပါ။ သူတို့ဟာ ဟာသဆန်တယ်။ သူတို့ဟာ ချစ်စရာကောင်းတယ် နောက်တော့ သူတို့ဟာ အူကြောင်ကြောင်နိုင်တယ် အဲ့တာတွေဟာ သိပ်ကောင်းပြီး ရသမြောက်တဲ့အချက်တွေပေါ့ဗျာ။💑 Monica တို့ကျ အဲ့လောက် Chemistry မမိသလိုဘဲ။ သူတို့ကို သူငယ်ချင်းတွေလို့မြင်ရင်းနေမှ ဗြုန်းစားကြီး Couple လိုမြင်လိုက်ရတာမို့လည်းနေမယ်။ ဒီနေရာမှာတော့ Lily တို့ အူကြောင်ကြောင်စုံတွဲလေးဟာ အမှတ်ရသွားပါတယ်။
👼👼Phoebe -- Phoebe ကို ယှဉ်စရာမျိုး HIMYM မှာမရှိပါဘူး။ နောက်တော့ Phoebe ဟာ Phoebe ပါဘဲ။ သူ့ရဲ့ တိရစ္ဆာန်ချစ်စိတ် ပြီးတော့ တဖက်သားကို စာနာသနားစိတ် အော် နောက်တော့ သူ့ရဲ့ Smelly Cat သီချင်း။ အဲ့တာတွေကို ဘယ်သူကယှဉ်နိုင်မလဲဗျ ?
💖FRIENDS VS HIMYM -- ကဲ ဇာတ်သိမ်းပါ။ ဘယ် Sitcom ဟာ အကောင်းဆုံးဖြစ်မလဲ ?
အကယ်လို့ သင်ဟာ FRIENDS ကို အရင်ကြည့်တယ် နောက်မှ HIMYM ကိုကြည့်တယ်ဆိုရင် သေချာပေါက် HIMYM ဟာ ပေါ့ရွှတ်ရွှတ်နိုင်နေမှာပါ။ ဘယ်လောက်ဘဲ Barney က ကောင်းနေပါစေ ဘယ်လောက်ဘဲ Lily တို့အတွဲဟာ ချစ်စရာကောင်းနေပါစေ FRIENDS ရဲ့ Chemistry ကို ယှဉ်နိုင်စရာမရှိဘဲ HIMYM ကို Good Second Hand လိုဘဲ မြင်မိမှာပါ။
နောက်တော့ ဇာတ်သိမ်းပိုင်းဟာ စကားပြောသလိုဘဲ ၂ခုလုံးရဲ့ ဇာတ်သိမ်းပိုင်းကိုယှဉ်လိုက်ရင်တော့ သိသိသာသာကြီးကွာခြားသွားမှာပါ။ ပေါ့ရွှတ်ရွှတ်နိုင်တဲ့ HIMYM ရဲ့ဇာတ်သိမ်းပိုင်းနဲ့ အကောင်းဆုံးဇာတ်သိမ်းထားတဲ့ FRIENDS ရဲ့ ဇာတ်သိမ်းတို့ကိုသာ ဆုံးဖြတ်ဖို့အသုံးပြုရင် FRIENDS ကပိုသာနေမှာ မလွဲပါဘဲ။
ကဲ ကျနော့် Personal Choice က တော့ 💞FRIENDS💕 ပါ။
စာဖတ်သူတွေကရော ??
ဒါပေမယ့်လည်း HIMYM ရော FRIENDS ပါ နှစ်ခုလုံးဟာ Sitcom လောကရဲ့ အကောင်းဆုံး Sitcom တွေပါ။ ဟာသဆန်တယ် သံယောဇဉ်တွေတွေ့ရမယ်။ ချစ်ခြင်းတွေပါတယ်။ ပြီးတော့ Ross ရဲ့ "We were on a Break" တွေ Barney ရဲ့ "LEGENDARY" တွေကို ဘယ်သူမေ့လို့ရမလဲဗျာ ??

0 comments:

Post a Comment