6 Episdoes
Rating : 8.4/10
Country : South Korean
Genre : Music,Historical,Romance,Tragedy
Cast : Lee Jong Suk,Shin Hye Sun
အချစ်အလွမ်းအပြင် ကြေကွဲ စို့နင့်ဖွယ် အနုပညာပါရမီရှင်
လူငယ်လေးနှစ်ယောက်အကြောင်းဖြစ်ရပ်မှန် ကို
မှီးငြမ်းရိုက်ကူးထားပါတယ်
ဇာတ်လမ်းကို 1921 မှာအခြေတည်ထားပါ တယ်
ကဗျာတွေ ပြဇာတ်တွေကို ခုံမင်တဲ့
ကင် အူဂျင်းတစ်ယောက် အင်္ဂလိပ်စာလေ့လာဖို့
ကို်ယ့်မြေကိုယ့်ရွာကို စွန့်ခွာပြီး တိုင်းတစ်ပါး
ဂျပန်ပြည်ကိုရောက်နေတာပေါ့
ကိုယ့်မြေကိုယ့်ရွာလို့ ယတိပြတ်ဆိုလို့တော့ မရပါဘူး
ဘာလို့ ဆို ထိုခေတ်အခါက ကိုလိုနီ ဂျပန်က
ကိုရီးယားကို သိမ်းယူ ထားတာကိုး
ကင်အူဂျင်းတစ်ယောက် တက္ကသိုလ်တက်ဖို့ ရောက်နေချိန်မှာပဲ
အဆိုပညာကို တဖက်ကမ်း ခတ်တတ်မြောက်ဖို့
ယွန်ဆင်ဒေါက်ဆိုတဲ့ ကောင်မလေးတစ်ယောက်လဲ
ဂျပန်မှာရောက်နေခဲ့တယ် အဆိုပညာမှာ နဂိုကလဲပါရမီရှိပြီးသား
ယွန်ဆင်ဒေါက်တစ်ယောက် ကိုယ့်မွေးရပ်မြေ
ဂျိုဆန်မှာ ဖျော်ဖြေဖို့ ကင်အူဂျင်းရဲ့ ကမ်းလှမ်းခံ ခဲ့ရပါတယ်
တချိန်ကြရင် ကိုရီးယားနိုင်ငံသမိုင်းမှာ
ပထမဆုံးအသံမြင့်အဆိုတော်တစ်ယောက်
ဖြစ်လာမယ့် ယွန်ဆင်ဒေါက် နဲ့ ပြဇာတ်တွေ တန်ဖိုးထားတတ်တဲ့
ကင်အူဂျင်းတို့ရဲ့ ကြေကွဲဖွယ်တိမ်မြုပ်နေတဲ့
ဇာတ်လမ်းလေး ကို ဘယ်လို အသက်ပြန်သွင်းထားမလဲက တော့
စိတ်ဝင်စားစရာပါပဲ သမိုင်းကိုအခြေခံပြီး ရိုက်တဲ့ကားမို့လို့
တကယ့် history နဲ့ ကွဲလွဲတာတွေရှိမယ်
ဒါပေမယ့် သူတို့နှစ်ယောက်ကြားထဲက ထားရှိခဲ့တဲ့
သင်္ကေတ တချို့တဝက်ကိုတော့ ခံစားနိုင်ကောင်းပါရဲ့
အလွမ်းအဆွေး ကိုရီးယားဇာတ်ကားကို
မင်းသား မင်းသမီးချောချောလေးတွေနဲ့မှ
ကြည့်ချင်တဲ့သူတွေအတွက်လက်မလွှတ် သင့်တဲ့
series လေးမို့ တူတူကြည့်ရအောင် ! !

0 comments:
Post a Comment