24 Episdoes
Rating : 8.1/10
Country : South Korean
Genre : Action,Adventure,Historical,Melodrama,Political
Cast : Jung II Woo,Kwon Yool,Go Ah Ra,Park Hoon,Lee Kyung Young,Han Sang Jin
ဒီဇာတ်လမ်းတွဲမှာတော့
?Lee Geum အဖြစ် Jung Ll Woo ,
?Yeo JI အဖြစ်နဲ့ GoAra
?Park Moon Soo အဖြစ်နဲ့ Kwon Yoo နဲ့
? Dal Moon အဖြစ် Park Hoon တို့ကိုအတူတွေ့မြင်ကြမှာပဲဖြစ်ပါတယ်။
ကာရိုက်တာမိတ်ဆက်အနေနဲ့ကတော့
??♂️Lee Geum ကတော့ အဆင့်နိမ့်နေတဲ့နေရာမှာမွေးဖွားခဲ့တဲ့သူမို့ အိမ်ရှေ့စံမင်းသားနေရာနဲ့လွဲခဲ့ရပါတယ်။ သူ့ကိုယ်သူတောင် အိမ်ရှေ့စံတစ်ယောက်မှန်းမသိဖြစ်နေရတဲ့သူတစ်ယောက်ပါ….
??♀️ Saheonbu မှာတော့ Yeo Ji ကဆရာတစ်ဆူပါပဲ။ သူမ ဟာအမှုပေါင်းများစွာကိုအောင်မြင်အောင်ဖော်ထုတ်နိုင်တဲ့အပြင် ကိုယ်ခံပညာကိုလဲတတ်ကျွမ်းပါတယ်။ နိုင်ငံခြားဘာသာစကားကိုလည်း ကျွမ်းကျင်အောင်ပြောတတ်တဲ့အပြင် မတရားမှုတွေကိုလည်း ဖော်ထုတ်နိုင်တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်…
??♂️Park Moon Soo ကတော့ အရာရှိစာမေးပွဲကိုအောင်မြင်ဖို့ကြိုးစားနေတဲ့ ကျောင်းသားတစ်ဦးပါ။ သူကဉာဏ်ရေနိမ့်ပါးတဲ့အတွက် စာမေးပွဲအောင်မြင်ဖို့ခက်ခဲနေပေမဲ့ တခြားသူတွေအပေါ်မှာတော့ ကြင်နာတရားပြည့်ဝတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်…
…
??ဒီဇာတ်လမ်းတွဲကတော့ Jung Ll Woo ရဲ့ စစ်မှုထမ်းအပြီးမှာတော့ပထမဆုံးပြန်လည်ရိုက်ကူးတဲ့ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်..
Go Ara ကိုတော့ Hwarang ဇာတ်လမ်းတွဲမှာထဲရင်းနှီးခဲ့ပြီးဖြစ်တဲ့အတွက် ဒီကာရိုက်ကတော့သူမနဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီဇာတ်လမ်းတွဲကို SBS မှ တနင်္လာနေ့နဲ့ အင်္ဂါနေ့ညတိုင်း အပတ်စဉ် ကိုးရီးယားစံတော်ချိန် ဆယ်နာရီအချိန်မှာပြသသွားမှာပဲဖြစ်ပါတယ်…
ဒီဇာတ်လမ်းတွဲကတော့ သမိုင်းနောက်ခံဇာတ်လမ်းတွဲဖြစ်တဲ့အပြင် ဒဏ္ဍာရီဆန်ဆန်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အပြစ်ရှိတဲ့လူတွေက အပြစ်မရှိတဲ့သူတွေအပေါ် ဘယ်လိုအပြစ်ပုံချမလဲ
အမှုမှန်ကိုရော ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်ရမဲ့ဇာတ်ကားတစ်ကားဆိုလဲမမှားပါဘူးနော်
ကိုးရီးယားနန်းတွေရဲ့ထုံစံအတိုင်း နန်းတွင်ထဲကဝန်ကြီးအမတ်တွေနဲ့ မိဖုရားတွေရဲ့အရှုပ်တော်ပုံ
ဘုရင်ရဲ့အရှုပ်တော်ပုံတွေကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ကြပါစို့နော်…

0 comments:
Post a Comment