Fatal Journey - Untamed Side Story (2020)

Rating : 8.5/10
Country : China
Genre :   Action, Drama, Family
Cast : Ji Li, Wang Yi Zhou, Zhu Zan Jin
Released Date : 2020
Duration : 2h 2min 

The Untamed ဇာတ်ကားဟာ နာမည်အတော်ရခဲ့ပြီး ၂၀၁၉ ခုနှစ်ရဲ့ နာမည်အကြီးဆုံးဇာတ်ကားတွေထဲက တစ်ကားဆိုရင်လည်းမမှားပါဘူး။ ဒီဇာတ်ကားထွက်ပြီးနောက်ပိုင်းမှာ သူ့ရဲ့ ဇာတ်ကွက်အဆက် ဇာတ်ကားတွေဖြစ်တဲ့ Living dead နဲ့ Fatal Journey ဇာတ်ကားတွေထွက်ရှိမယ်လို့ကြေညာခဲ့ပါတယ်။ Living dead ဟာဆိုရင် မကြာသေးခင်ကထွက်ခဲ့ပြီး ယခုဒုတိယတစ်ကြိမ်ထွက်တဲ့ကားက Fatal Journeyပါ။

ယခုဇာတ်ကားမှာတော့ the untamed မှာ ပါခဲ့တဲ့ နျဲ့မျိုးရိုး‌တို့ ဒေသမှာ နျဲ့မျိုးရိုးစဉ်ဆက် အုတ်ဂူကြီးရှိပါတယ်။ အခု ဒီ ဓားသချိုင်းအုတ်ဂူကြီးဟာ မတည်မငြိမ်ဖြစ်ပြီး ထူးဆန်းတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေရပါတယ်။
ဒီလိုအခြေအနေမှာ နျဲ့မျိုးရိုးရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ နျဲ့ဟွိုက်စန်း တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲ။ နျဲ့ မျိုးရိုးမှာရော ဘယ်လို ထူးဆန်းအံ့ဖွယ်တွေနဲ့ ပြည့်နှက်နေသလိုဆိုတာကို သိရှိခံစားကြရမှာပါ။ The Untamed ဇာတ်ကားမှာ ဇာတ်၀င်ခန်းအနည်းငယ် ဇာတ်ကွက်အနည်းငယ်ပဲ ပါရှိခဲ့ပေမဲ့ ဒီဇာတ်ကားမှာ တော့ နျဲ့ဟွိုက်စန်း ဟာဘယ်လိုလူမျိုးလဲဆိုတာ အထင်းသား သိရှိလာရမှာပါ။ The Untamed ကိုအမောဖြေရင်း ယခု ဒုတိယဇာတ်တွဲ Fatal Journey ကိုခံစားကြည့်ရှုပေးကြပါအုန်း။

NOTE : Living dead ဇာတ်ကားကိုလည်း Soul ကနေပဲတင်ဆက်ပေးခဲ့တာဖြစ်ပြီး တစ္ဆေစစ်သူကြီးနဲ့ သူ့ရဲ့တူလေး ( ဝေ့ဝူရှန်း နဲ့ လန်ကျန့်တို့၏ မွေးစားသား ) တူ၀ရီးနှစ်ယောက်အကြောင်း ရိုက်ကူးထားတာပါ။

0 comments:

Post a Comment