Black Dog (2019)

16 Episdoes

Rating : 8.3/10
Country : South Korean
Genre : Life,School,Drama
Cast : Seo Hyun Jin,Ra Mi Ran,Ha Joon,Lee Chang Hoon

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့
မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဆရာကားလေးပါ
အဓိက သရုပ်ဆောင်များအနေနဲ့ကတော့
Another Miss oh,Temperature of Love နဲ့
Beauty Insideထဲက မင်းသမီးချောလေး Seo Hyun Jin
MiracleThat We Metထဲကမင်းသမီးကြီးRa Mi Ran,
Radio Romance,Bad Papa ထဲကမင်းသား Ha Joon
အပြင်တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်.

>>> ဇာတ်လမ်းအကျဉ်း <<<
2007 ခုနှစ်ဆုန်းယောင်းအထက်တန်းကျောင်းခရီး
သိပ်ကိုပျော်ရွှင်နေကြတဲ့ ကျောင်းသားတစ်စု
သီချင်းလေးဆို ကခုန်ပြီးကားပေါ်မှာလိုက်ပါလာကြတယ်
ဟာနူးဆိုတဲ့ကောင်မလေးက ခြေထောက်ကဒဏ်ရာရထားလို့
အမေဖြစ်သူကို စိတ်မပူဖို့ဖုန်းတပြောပြောနဲ့
ကားပေါ်မှာ အတန်းပိုင်ဆရာ မအားလို့ အစားလိုက်ပေးရတဲ့
ယာယီဆရာက မျက်နှာစူပုတ်ပုတ်နဲ့ပေါ့
အရာအားလုံးက လှပနေခဲ့တယ် မကြာခင်မှာပဲ
ယုတ်ချည်းဆိုသလို အရာအားလုံးပြောင်းလဲသွားခဲ့တယ်
လှိုင်ခေါင်းထဲအဝင် ရှေ့က ကားနှစ်စီး တိုက်ထားတာကို
ရုတ်တရက်ရှောင်ရင်း ကားတစ်စီးလုံး မှောက်သွားခဲ့တယ်
ကံကောင်းစွာနဲ့ တယောက်ကို တယောက်တွဲပြီး
လှိုင်ခေါင်းထဲကထွက်ခဲ့ကြတယ် ကျောင်းသားတွေရယ်
ဆရာနှစ်ယောက်ရယ် ကျောင်းသားက 30မှာ
တစ်ယောက်လိုနေတယ် ဟာနူး
ကယ်ဆယ်ရေးအဖွဲ့က အချိန်မရွေးပေါက်ကွဲနိုင်လို့
လှိုင်ခေါင်းနဲ့ဝေးဝေးမှာနေဖို့ သတိတွေပေးနေတယ်
ဘယ်သူကမှလဲ သွားမကယ်ကြ လူတွေအတန်တန်
သတိပေးနေတဲ့ကြားက ခြေထောက်တစ်ဖက်နာနေတဲ့
ယာယီဆရာက လှိုင်ခေါင်းထဲဝင်ပြီး ကားအောက်မှာပိမိနေတဲ့
ဟာနူးကိုကယ်ဆယ်ရေးထံတွန်းတင်ပေးတယ်
သူကတော့ေြထောက်နာနေတာကြောင့်
နောက်ကနေဖြေးဖြေးချင်းလိုက်လာတယ်
ဟာနူး အပြင်ကိုရောက်ချိန်မှာ ဝုန်းခနဲပေါက်ကွဲသံနဲ့အတူ
လှိုင်ခေါင်းတစ်ခုလုံး ပြိုုကျ ယာယီဆရာပါ ပါသွားတယ်
ကျောင်းက ဒဏ်ရာရတဲ့ကျောင်းသား ကျောင်းသူတွေကို
လျော်ကြေးပေးပေမယ့် သေဆုံးသွားတဲ့ယာယီဆရာကိုတော့
ယာယီမို့လို့တဲ့ နစ်နာကြေးတပြားမှမရခဲ့ဘူး
နာမကျန်းဖြစ်နေတဲ့ အမေဖြစ်သူရယ်
လက်ထပ်ပြီးကာစ ကြင်စဦး မိန်းမချောချောလေးရယ်ကိုမှ
မထောက် အားလုံးတားနေတဲ့ကြားက
ကိုယ့်အသက်ကိုတောင် ဂရုမစိုက်ဘဲကယ်ခဲ့တဲ့ ဆရာ့ကို
ဟာနူးတစ်ယောက်လုံးဝ နားမလည်ခဲ့ဘူး ဘာလို့လဲ
ဘာလို့ အကုန်ရင်းပြီးကယ်ခဲ့တာလဲ တန်လို့လား
ဆရာ့ရဲ့စိတ်ကိုနားလည်ချင်နေတဲ့ ဟာနူးတစ်ယောက်
အထက်တန်းအောင်ပြီး ယာယီဆရာဖြစ်လာတဲ့အခါ …

0 comments:

Post a Comment