Black Knight (2017)

20 Episdoes

Rating : 7.2/10
Country : South Korean
Genre : Historical,Romance,Drama,Fantasy,Melodrama
Cast : Kim Rae Won,Shin Se Kyung,Seo Ji Hye,Jang Mi Hee

KBS ရုပ်သံလိုင်းက အပါတ်စဉ် ဗုဒ္ဓဟူးကြာသပတေး ထုတ်လွင့်ပြသပေးမယ့် Black Knight ထူးဆန်းထွေလာအချစ်ဇာတ်လမ်းတွဲသစ်လေးပါ။

Love story in Harvard(တစ်ခါတုန်းက တက္ကသိုလ်) ဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်အသဲစွဲဖြစ်ခဲ့ပြီး ဒေါက်တာဇာတ်လမ်းတွဲရဲ့ မင်းသား Kim-Rae Won အဓိက ခေါင်းဆောင်ပါဝင်ထားပါတယ်။

မင်းသမီးကတော့ Bride of the Water God ကားရဲ့ မင်းသမီးလေး Shin Se Kyung နဲ့အတူ Whisper, Jelousy incarnate တို့နဲ့နာမည်ရလာတဲ့မင်းသမီးလေး Soe Ji-Hye 2nd Lead အနေနဲ့ပါဝင်ထားပါတယ်။

ရှေးရေစက်ဆိုတာကို ယုံကြည်ကြပါသလား။

တစ်ခါတစ်လေ လူတစ်ယောက်ကို အကြောင်းမဲ့မုန်းနေတာမျိုး ကြည့်မရတာမျိုးဖြစ်တတ်သလို တစ်ခါတစ်လေ မြင်မြင်ချင်းခင်မိပြီး ဘာလုပ်လုပ်အပြစ်မမြင်ဘဲ သဘောကျနေတတ်တာတွေလည်းရှိတတ်ပါတယ်။

ဒါတွေက ရှေးရေစက် ဆုတောင်းတွေကြောင့်ဖြစ်မယ်ထင်ပါတယ်။

အချစ်ကြီးသူတွေဟာ ဒီဘဝမှာ ဒီတစ်ယောက်တည်းကိုသာ သစ္စာရှိရှိချစ်ခဲ့သလို နောက်ဘဝတွေမှာလည်း ရေစက်ဆုံဖို့ ဆုပန်တတ်ကြတယ်။

ဒီလိုပါပဲ ဒီဘဝမှာ ကိုယ်ချစ်တဲ့သူရဲ့အချစ်ကို မရခဲ့လို့ “နောက်ဘဝမှာ သူချစ်တဲ့သူဖြစ်ရပါလို၏” ဆုတောင်းတတ်ကြပါတယ်။

ဒီလို ကံကြမ္မာရဟတ်တွေ တစ်ပါတ်ပြန်လည်လာတဲ့အခါမှာတော့ ဒီဇာတ်လမ်းလေး ဖြစ်တည်လာပါတော့တယ်………..

မွန်းဆူဟို (Kim Rae Won) ကတော့ အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦး သူ့ဆန္ဒတွေကို ဘယ်သူကမှမလွန်ဆောင်နိုင်ဘူး

သူ့စိတ်အကြံအစည်အတိုင်း အရာရာ အားလုံး အောင်မြင်နေသလို သူ့မှာမှော်စွမ်းအားရှိသလိုလို သူ့ကို ကလန်ကဆန်လုပ်သူတိုင်း သေဆုံးသွားတတ်ကြတယ်။

သူ ငယ်ငယ်ကဆုံခဲ့ဖူးတဲ့ သဘောကောင်းတဲ့ကောင်မလေးကို လိုက်ရှာနေသူတစ်ယောက်ပါ….

ဂျောင်ဟဲရာ (Shin Se Kyung) ကတော့ မိဘမဲ့ဖြစ်ပြီး အဒေါ်ကိုပြုစုစောင့်ရှောက်နေရတဲ့ ခရီးသွားအေဂျင်စီတစ်ခုက ဝန်ထမ်းတစ်ဦး။ ဘဝကို ရုန်းကန်လှုပ်ရှားနေရတဲ့ မိန်းမသားတစ်ဦး။

ချစ်သူကလည်း နွမ်းပါးလို့ စွန့်ပစ်… ဦးနှောက်သိပ်မကောင်းတဲ့အဒေါ်ကြောင့် အရမ်းခက်ခဲကျပ်တည်းလာလို့ ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင်စိတ်ညစ်လို့ ဆေးတွေအအများကြီး သောက်ပြီး အိပ်ပျော်သွားခဲ့တယ်။

မသေခင် အိပ်မက်ထဲမှာ ငယ်ငယ်က အနီရောင်ကုတ်အကျႌလေးပေးပြီး သူ့ကို အားပေးနှစ်သိမ့်တဲ့ အပ်ချုပ်ဆိုင်က မိန်းမလှလေး (Soe Ji-Hye )နဲ့ ဆုံပါတယ်။

ဒီမိန်းမလှလေးက ထူးထူးဆန်းဆန်းစကားလေးတစ်ခွန်းပြောသွားပါတယ်။

ဂျောင်ဟဲရာ ဘဝကြီးကစိတ်ညစ်စရာကောင်းရင် သူ့ဘဝနဲ့အလဲအလှယ်လုပ်မလားတဲ့….

သူကတော့ ဂျောင်ဟဲရာ ဖြစ်ချင်ပါသတဲ့….

စိတ်ရှုပ်ရှုပ်နဲ့ ဂျောင်ဟဲရာတစ်ယောက်လည်း လဲချင်လည်းလဲပေါ့လို့ဖြေခဲ့လိုက်ပါတယ်။

ဒီလိုနဲ့ နိုးလာတဲ့အခါမှာ အိပ်မက်ထဲက ကုတ်အကျႌလေးလှလှလေးလည်း ရှိနေသလို သူ့ဘဝအတွက် အဆင်ပြေကံကောင်းမှုတွေ ဆက်တိုက်ဆိုသလိုရောက်လာတဲ့အခါမှာတော့………

ဘာကြောင့် ဒီလိုတွေ ကံကောင်းလာတာလဲ

မိန်းမလှလေးကရော ဘယ်လိုကြောင့် ဘဝချည်းလဲချင်ရတာလဲ

ဘယ်လိုအစွမ်းတွေကြောင့် ကုတ်အကျႌအနီလေးက ကံကောင်းစေတာလဲ

ဘယ်လိုရေစက်တွေကြောင့် ဒီလိုမျိုးတွေလာဆုံတွေ့ကြတာလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါ…………….

0 comments:

Post a Comment