Black (2017)

18 Episdoes

Rating : 8.2/10
Country : South Korean
Genre : Action,Suspense,Thriller,Mystery,Romance,Melodrama,Supernatural,Detective,Investigation
Cast : Song Seung Heon,Go Ah Ra


မင်းသမီးလေးကတော့ ဟွာရန်းမင်းသမီးလေးပါ။

ဒါရိုက်တာက ဒီနှစ်ထဲမှာပဲ နာမည်ကျော် လျို့ဝှက်သည်းဖိုဇာတ်လမ်းတွဲ The voice ကိုရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာပါပဲ။

ဒီဇာတ်လမ်းတွဲကို Netflix ကပါ တစ်ပြိုင်နက် ထုတ်လွင့်ပြသဖို့ညှိုနှိုင်းကမ်းလှမ်းထားပါတယ်။

ဇာတ်လမ်းလေးကတော့ လျို့ဝှက်ဆန်းကြယ် သဘာဝလွန်ဖြစ်ရပ်နဲ့ မှုခင်းထောက်လှမ်းမှုကို ပေါင်းစပ်ထားတဲ့ကားလေးပါ။

အနောက်တိုင်းနဲ့ကိုးရီးယား အယူအဆအရ သေခါနီးလူတွေကို ဘဝကူးဖို့ Grim reaper လို့ခေါ်တဲ့ သေမင်းတမန်တော်တွေက လာစောင့်ပြီးခေါ်ကြပါတယ်။

ထူးထူးဆန်းဆန်း Kang Ha ram ခေါ်တဲ့ကောင်မလေးက ဒီ Grim reaper တွေကို အရိပ်မဲအနေနဲ့ မြင်တွေ့တတ်ပြီး ဒီအရိပ်ကို ထိကြည့်လိုက်ရင် သူလာခေါ်တဲ့သူ ဘယ်လိုသေမယ်ဆိုတာကိုပါ မြင်တွေ့ရတတ်ပါတယ်။

အများနဲ့မတူ ဖြစ်တတ်တော့ ပတ်ဝန်းကျင်က ကံဆိုးစေတဲ့သူ့လို့မြင်သလို ကိုယ်တိုင်လည်း ဒါမျိုးတွေကြုံတတ်ရတော့ စိတ်ပျက်အားငယ်ပြီး အထီးကျန်နေတဲ့ကောင်မလေးပါ။

ဒီလို အစွမ်းတွေရှိတာကို ပျော့ညံ့ညံ့ ကြောင်တောင်တောင် စုံထောက်Black က မထင်မှတ်ဘဲ သိရှိသွားပြီး ဒီလိုအများနဲ့မတူတာဟာ ကံဆိုးမှုလို့မမြင်ဘဲ ဘုရားပေးတဲ့ဆုလာဘ်လို သဘောထားပြီး မသေသင့်ဘဲ သေရမယ့်လူတွေကို ကယ်တင်ဖို့ အကြံပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း Black ကိုယ်တိုင်က Grim reaper တစ်ယောက် ဝင်စီးထားတဲ့ စုံထောက်တစ်ယောက်ဖြစ်နေတဲ့အခါမှာတော့……….

– ၂ယောက်သား ဘယ်လို ရှေ့ဆက်ကြမလဲ

– တစ်ယောက်က လူတွေကို ကယ်တင်မယ့်သူနဲ့ နောက်တစ်ယောက်က သေမင်းဆီ ခေါ်ဆောင်သွားမယ့်သူ

-လူတစ်ယောက်ရဲ့ သေခြင်းတရားကံတရားကို တကယ်ပဲ ပြောင်းလဲလို့ရမလားဆိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါ

0 comments:

Post a Comment